ထိုင်းအစိုးရက သိုလှောင်ဆန်များ ထုတ်ရောင်းဖို့ ဆိုင်းငံ့ထား ထိုင်းစီးပွားကူးသန်းဝန်ကြီးမှ လာမယ့်နှစ်တိုင်အောင် ပြည်တွင်းလိုအပ်ချက်အတွက် လုံလောက်တဲ့ ဆန်ပမာဏ ရှိပါတယ်လို့ အတည်ပြုပြောကြားခဲ့ပေမဲ့ အစိုးရသိုလှောင်ဆန်ထဲက ပြည်ပတင်ပို့ဖို့ကိုတော့ ဆိုင်းငံ့ထားဖို့ ၎င်းက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ရေလွှမ်းမိုးမှုကြောင့် ဆန်စပါးပျက်စီးမှုအခြေအနေအတိအကျ သိရမယ့်အချိန်ထိ သိုလှောင်ဆန် ထုတ်ရောင်းမှုကို အချိန်ဆွဲထားဖို့ ပြည်ပကုန်သွယ်ရေးဌာနကို စီးပွားကူးသန်းဝန်ကြီး Porntiva မှ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဆန်ဈေးနှုန်းများမြင့်တက်တာနဲ့ပတ်သက်လို့ ယခုနှစ်ကုန်ထိ ကုန်စည်ဈေးနှုန်းများ ထိန်းချုပ်ဖို့ ကုန်သည်များကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ အစီအစဉ်အရ စားသောက်ကုန်များကို ရွှေ့ပြောင်းနိုင်တဲ့ ယာဉ်များနဲ့ ရောင်းချစေခဲ့ပြီး အထူးသဖြင့် ရေလွှမ်းမိုးမှုဒဏ်ခံရတဲ့ Songkhla ဒေသမှာ လူမှုရေး အဖွဲ့အစည်းအများအပြားကို လျှော့ဈေးနဲ့ ရောင်းချစေခဲ့တယ်လို့ သိရပါတယ်။ ယင်းစားသောက်ကုန်များကို ပုံမှန်ဈေးကွက်ပေါက်ဈေးထက် ၂ဝ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းအကြား လျှော့ချရောင်းချပေးတယ်လို့ သိရပါတယ်။ လမင်း၊ Sources: riceonline
Background