Main menu

Background

ဂံျုနှင့်ဆန် တင်သွင်းရန် တင်ဒါခေါ်ယူလိုက်သည့် ဘင်္ဂလားဒေ့ရှ်

Mon, 11/15/2010 - 03:36 -- Anonymous (not verified)

 ဂံျုနှင့်ဆန် တင်သွင်းရန် တင်ဒါခေါ်ယူလိုက်သည့် ဘင်္ဂလားဒေ့ရှ်      ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်ပိုင်ဆန်တင်သွင်းသူမှ ဂံျုတန်ချိန် ၅ဝဝဝဝ နဲ့ ပြုတ်ဆန်တန်ချိန် ၃ဝဝဝဝ ကို နိုဝင်ဘာလ ၅ ရက်နေ့က တင်ဒါခေါ်ယူလိုက်ကြောင်းသတင်းရရှိပါတယ်။ တင်ဒါနှစ်ခုလုံးအတွက် ကမ်းလှမ်းဖို့ နောက်ဆုံးသတ်မှတ်ရက်မှာ နိုဝင်ဘာ ၂၂ ရက်နေ့ဖြစ်ပြီး ဆန်ကိုစာချုပ်ချုပ်ပြီးပြီးချင်း ရက်ပေါင်း ၄ဝ အတွင်း သင်္ဘောတင်ပေးသွားရမှာဖြစ်ကြောင်း ဖော်ပြပါတယ်။      ပြည်တွင်းတွင် ဆန်ထွက်နှုန်းကောင်းသော်လည်း ဆန်ဈေးနှုန်းများမြင့်တက်နေပြီး ကမ္ဘာလုံးဆိုင်ရာ ကောက်ပဲသီးနံှ ဈေးနှုန်းများ စတင်မြင့်မားနေပြီဖြစ်တာကြောင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆင်းရဲ မွဲတေမှုမှာပံျ့နံှ့နေဆဲဖြစ်ရာ အစိုးရအတွက် စားနပ်ရိက္ခာဖူလုံရေးက အဓိက စိုးရိမ်ပူပန်မှုဖြစ်နေပြီး ဆန်ဖူလုံစေဖို့ စီစဉ်ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်က ကမ္ဘာပေါ်တွင် စတုတ္ထမြောက် ဆန်အများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်ကာ ၂ဝ၁၁ ခုနှစ် ဇူလိုင်လအထိ ဆန်တန်ချိန် ၃၅ သန်းကို ထုတ်လုပ်သွားဖို့ရည်မှန်းထားပြီး မြစ်ဝကျွန်းပေါ်ဒေသတွင် သဘာဝ ဘေးအန္တရာယ်များဖြစ်တဲ့ ရေလွှမ်းမိုးမှုနဲ့ ဆိုင်ကလုန်းမုန်တိုင်းကြုံတွေ့ခဲ့ရမှုတို့ကြောင့် လယ်ယာထုတ်လုပ်မှုမည်မျှ ထိခိုက်သွားမှာကို မသိရှိရသေးချိန်တွင် ပြည်တွင်းဝယ်လိုအားကို ပြည့်မီစေဖို့ နှစ်စဉ်ဆန်နဲ့ ဂံျုတန်ချိန် ၂ ဒသမ ၅ သန်းမှ ၃ သန်းကိုပုဂ္ဂလိကတင်သွင်းသူအများစုမှ ဝယ်ယူလျက်ရှိနေပါတယ်။                                                                  အေးမွန်မွန်လှိုင်၊ှSource:brecorder.com