ဆန်အထွက်နှုန်းမြှင့်တင်ဖို့ ကမ္ဘာ့သိပ္ပံပညာရှင်များ ကမ္ဘာ့ဆန်ဗျူဟာသစ်တစ်ရပ် ဆောင်ရွက်မယ် သဘာဝပတ်ဝန်းကျင်ကြောင့် ဆန်ထုတ်လုပ်မှု ထိခိုက် ခြင်းကို လျှော့ချဖို့နဲ့ ဆန်အထွက်နှုန်း တိုးမြှင့်ဖို့အတွက် သိပ္ပံပညာရှင်များဟာ နိုဝင်ဘာလ ၁ဝ ရက်နေ့က ကန်ဒေါ်လာ သန်း ၆ဝဝကုန်ကျမယ့်ကမ္ဘာ့ဆန်ဗူျဟာသစ် တစ်ရက် ကို ကြေငြာခဲ့တယ်လို့ သိရပါတယ်။ အဲဒီဗျူဟာအရ ၂ဝ၃၅ ခုနှစ်မှာ ငတ်မွတ်ဆင်းရဲနေတဲ့ လူဦးရေ သန်း ၁၅ဝ ကို အကူအညီဖြစ်စေနိုင်မယ်လို့ သိရပါတယ်။ ရာသီဥတုပြောင်းလဲမှုဒဏ်နဲ့ ရေလွှမ်းမိုးမှုဒဏ်ခံနိုင်တဲ့ အထွက်ပိုကောင်းတဲ့ မျိုးစေ့များ ထုတ်လုပ်ဖို့နဲ့ အထွက် နှုန်း မြှင့်တင်ဖို့ ကမ္ဘာ့ဆန်သုတေသနပညာရှင်များဟာ ပြည်ပ နိုင်ငံများမှာ သုတေသနပြုလုပ်သွားမယ်လို့ သိရပါ တယ်။IRRI နဲ့ အပေါင်းပါများ ဦးဆောင်တဲ့ အဲဒီ အစီအစဉ်ကို သုတေသန၊ ဝယ်လိုအား၊ ကုန်သွယ်မှုနဲ့ လက်ရှိအခက်အခဲတွေကို ဆွေးနွေးဖို့ နိုင်ငံပေါင်း ၇ဝ နီးပါးက ဆန်သိပ္ပံပညာရှင်များ၊ အရာရှိများ၊ မူဝါဒ ရေးဆွဲ သူများနဲ့ ကုန်သည်များတွေ့ဆုံတဲ့ ဟနွိုင်းမြို့မှာ ကြေညာ ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်အတွက် အဓိက အစားအစာဖြစ်တဲ့ ဆန်ရရှိနိုင်မှုဟာ စားနပ်ရိက္ခာဖူလုံမှု အတွက် အရေးပါတယ်ဆိုတာ အားလုံးအသိပါလို့ မနီလာ အခြေစိုက် IRRI မှညွှန်ကြားရေးမှူးချုပ် Robert Zeigler ကပြောကြားပါတယ်။ အဲဒီသုတေသနသစ်ဟာ သစ်တော ပြုန်းတီးမှုကို ရှောင်ကျဉ်ခြင်းနဲ့ ရေပေးဝေခြင်းနည်းစနစ်များ တိုးတက်ဖို့ ဆောင်ရွက်ခြင်းဖြင့် ဆန်ထုတ်လုပ်မှုမှ ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်ခြင်းကိုလည်း လျှော့ချသွားဖို့ ရည်ရွယ် ထားတယ်လို့ သိရပါတယ်။ အထွက်နှုန်းပိုမိုလာခြင်းဖြင့်လယ်သမားများ အခြား မြေအသစ်များမှ လယ်မြေအဖြစ်ခဲျ့ထွင်မလာမှာဖြစ်ပြီး ၂ဝ၃၅ ခုနှစ်မှာ သစ်တောမြေ အင်းအိုင်များနဲ့ အခြား သဘာဝ မြေဟက်တာ ၁ ဒသမ ၂ သန်းကို ထိန်းသိမ်းနိုင်မယ်လို့ ဆိုပါတယ်။ ရည်မှန်းချက် အကောင်အထည် ဖော်ဖို့အတွက် ဆန်သုတေသနပြုဖို့ လှူဒါန်းရရှိတဲ့ နှစ်စဉ် သုံးစွဲငွေကိုလာမယ့်နှစ်မှာ ကန်ဒေါ်လာ သန်း ၁ဝဝ ဝန်းကျင် ရှိရာမှ ၂ဝ၁၅ မှာ ကန်ဒေါ်လာ ၁၃၉ သန်းထိ တိုးမြင့်ရ မယ်လို့ ဆိုပါတယ်။ ဆန်ရောင်းချမှုမြှင့်တင်ခြင်းနဲ့ စားနပ် ရိက္ခာဈေးနှုန်းလျှော့ကျခြင်းဖြင့် ၂ဝ၂ဝ မှာ လူဦးရေ ၇၂ သန်း ခန့်ဟာ ဆင်းရဲခြင်းမှ လွတ်မြောက်နိုင်လိမ့်မယ်လို့ Zeigler က ပြောကြားပါတယ်။ လဝန်း၊ှSources: Reuters
Background