တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလအတွင်း ကုန်သွယ်မှုအခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်း (မယ်ယန်း)သည်   အိမ်နီးချင်းနိုင်ငံဖြစ်သည့်  တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ  ၂၀၂၃ ခုနှစ် ဇန်နဝါရီ တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၃၅ သန်း၊   သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ  ၅  ဒသမ ၇၅၃ သန်း၊ ကုန်သွယ်မှုပမာဏတန်ဖိုး အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၇၈၈ သန်း ဆောင်ရွက်နိုင်ခဲ့သည်။
၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်း  တင်ပို့မှုအနေဖြင့်  လယ်ယာထွက်ကုန် ပစ္စည်းအုပ်စုတွင်  တန်ဖိုးအမေရိကန် သုည ဒသမ  ၁၄၉ သန်း၊   သတ္တုတွင်း ထွက်ပစ္စည်းအုပ်စုတွင်  တန်ဖိုးအမေရိ ကန်ဒေါ်လာ သုည ဒသမ  ၁၁၄ သန်း၊ ရေထွက်ပစ္စည်းအုပ်စုတွင်  သုည ဒသမ ၆၉၇ သန်း၊   အခြားပစ္စည်းအုပ်စုတွင် သုည ဒသမ ဝ၇၅ သန်း တင်ပို့ ခဲ့သဖြင့် စုစုပေါင်း   ပို့ကုန်တန်ဖိုး  အမေရိကန် ဒေါ်လာ ၁ ဒသမ ဝ၃၅ သန်းဆောင်ရွက် ခဲ့ပါသည်။  ပို့ကုန်ပစ္စည်းအမယ်များမှာ လက်ဖက်ခြောက်၊  ဖရဲသီး၊ ကော်ဖီစေ့၊ လိမ္မော်သီး၊  ပုစွန်ဖွဲ၊  ငါးမှုန့်နှင့် အခြား ပစ္စည်းတို့ တင်ပို့နိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်   ဇန်နဝါရီလအတွင်း သွင်းကုန်ပစ္စည်းများ  တင်သွင်းမှုအနေ ဖြင့်ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စုတွင် အမေရိကန်ဒေါ်လာ ၃  ဒသမ ၁၀၈ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဒသမ ၄၈၁ သန်း၊ လူသုံးကုန်ပစ္စည်း အုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည  ဒသမ ၁၆၄ သန်း  တင်သွင်းခဲ့ သဖြင့် စုစုပေါင်း သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၅၃သန်း တင် သွင်းခဲ့သည်။ သွင်းကုန်ပစ္စည်း တင် သွင်းမှုတွင် ဘိလပ်မြေ၊တယ်လီဖုန်းနှင့်  ဆက်သွယ်ရေးပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊  ဖန်ဆောက်လုပ်ရေး ပစ္စည်းများ၊ လျှပ်စစ်ဓာတ်  ဖြန့်ဖြူးရေး နှင့် တပ်ဆင်ရေးပစ္စည်းများ၊  စက်ဘီး အပိုပစ္စည်းများ၊  ရေနံထွက်ပစ္စည်းများ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်း များ၊ လုပ်ငန်းသုံး  သီးနှံဆီများ၊ ဓာတု ဗေဒပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ် များ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သွပ်ပြားများ၊ချည်ထည်များ၊ ပရိဘောဂများ၊ အားကစားပစ္စည်းများ၊ မီးဖိုချောင် သုံးပစ္စည်းများနှင့်  အခြားပစ္စည်းများ တင်သွင်းခဲ့သည်။
ကာလတူလုပ်ငန်းဆောင်ရွက်မှုနှိုင်းယှဉ်ပါက  ပို့ကုန်တန်ဖိုးအမေရိကန် ဒေါ်လာ ၃ ဒသမ ၉၆၇ သန်းနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ  ၃၂၂ သန်း လျော့နည်းခဲ့သည်။ ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ သတ္တုတွင်းထွက် ပစ္စည်းအုပ်စုတွင် တန်ဖိုး  အမေရိကန်ဒေါ်လာ   သုည ဒသမ ၁၁၄သန်း၊ ရေထွက်ပစ္စည်းအုပ်စု တွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၇ သန်း၊ အခြားပစ္စည်းအုပ်စု တွင်  တန်ဖိုးအမေရိကန်ဒေါ်လာသုည ဒသမ ဝ၀၃သန်း ပိုမိုတင်ပို့ခဲ့သော်လည်း လယ်ယာထွက်ပို့ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ  ၄ ဒသမ ၈၂၅ သန်း   တင်ပို့မှုလျော့နည်းခဲ့ခြင်း ကြောင့် ဖြစ်သည်။  သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု   ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၃၀၆ သန်း     ပိုမိုခဲ့သော်လည်း လုပ်ငန်းသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ ၉၃သန်း နှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၂၃၅ သန်း လျော့နည်းခဲ့ခြင်းဖြစ်သည်။ 
အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုးအမေရိကန် ဒေါ်လာ ၃ ဒသမ ၆၀၁သန်း လျော့နည်း ခဲ့ပြီး သွင်းကုန်ပိုင်းတွင်  တန်ဖိုးအမေရိ ကန်ဒေါ်လာ သုည ဒသမ ၂၃၆ သန်း ပိုမိုခဲ့သည်။  
ပို့ကုန်ပိုင်းတွင် လျော့နည်းရ ခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်း အုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမဝ၄၃ သန်း၊ သတ္တုတွင်းထွက် ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန် ဒေါ်လာသုညဒသမ ၁၁၄ သန်း၊ အခြား ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန် ဒေါ်လာ သုည ဒသမ ဝ၀၃ သန်း  ပိုမို တင်ပို့ခဲ့သော်လည်း  သစ်တောထွက် ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန် ဒေါ်လာ ၂ဒသမ ၂၇၈ သန်း လျော့နည်း တင်ပို့ခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိ ကန်ဒေါ်လာ  သုည ဒသမ ၂၁၀ သန်း နှင့်လူသုံးကုန်ပစ္စည်းအုပ်စုတွင်  သုည ဒသမ ဝ၀၈ သန်း လျော့နည်းတင်သွင်း ခဲ့သော်လည်း   လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများ  အုပ်စုတွင်  တန်ဖိုးအမေရိ ကန်ဒေါ်လာ သုညဒသမ၄၅၄သန်း ပိုမို တင်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ 
အိမ့်(DOT)