Main menu

Background

ဟင်္သာတမတ်ပဲ ဈေးလှုပ်

Mon, 11/15/2010 - 04:45 -- Anonymous (not verified)

ဟင်္သာတမတ်ပဲ ဈေးလှုပ်    ဟင်္သာတရဲ့ မတ်ပဲဈေးကွက်ကတော့ အနည်းငယ်မြင့်တက်လာပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၄၆ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအပတ် မတ်ပဲဈေးမှာ ၂၆၂ဝဝ ကျပ်ဈေးသို့ မြင့်တက်လာခဲ့ပါတယ်။ ပဲအရောင်းအဝယ်ဖြစ်မှုအနေနဲ့ ရန်ကုန်ဝယ်လက်လည်း ပုံမှန်ရှိနေပြီး နေ့စဉ်ဖြစ်ပေါ် နေသောဈေးများဖြင့် ဘုရင့်နောင် ဈေးကွက်သို့ ပျမ်းမျှတစ်တင်းခွဲဝင်အိတ် ၅ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                                     အေးအေးခိုင်