Main menu

Background

ပြည်မှာလည်း ဈေးလှုပ်

Mon, 11/15/2010 - 04:46 -- Anonymous (not verified)

ပြည်မှာလည်း ဈေးလှုပ်    ပဲခူးတိုင်းဒေသကြီးအနောက်မှာ ဆောင်းသီးနံှမတ်ပဲရဲ့ လျာထားဧက ၅ သိန်း ၁ သောင်းကျော် ရှိခဲ့ပြီး လက်ပံတန်း၊ နတ်တလင်း၊ ဇီးကုန်းမြို့နယ်တွေရဲ့ စပါးရိတ်ပြီးတဲ့လယ်မြေတွေမှာဧက ၈ဝဝဝ ခန့် စိုက်ပျိုးပြီးပြီးလို့ သိရပါတယ်။ ပြည်မြို့မှာ မတ်ပဲမျိုး တစ်တင်းကို ၂၇ဝဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ မြို့တွင်း ပဲရောင်းဝယ်သူ တွေကတော့ ယခင်တစ်ပတ်ကထက် ဈေးမြင့်လာပြီး ပဲတစ်တင်းကို ၂၅၅ဝဝ ကျပ်၊ ၂၆ဝဝဝ ကျပ်နဲ့ ဈေးပြန်လှုပ်လာ တာကိုတွေ့ရပါတယ်။ တစ်နေ့ကို တစ်တင်းခွဲအိတ် ၂၅ဝ-၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တိုင်းတွင်းအခြားမြို့နယ်များမှ ရန်ကုန်သို့ ပဲတင်ပို့မှုကတော့ တစ်နေ့ကို အိတ် ၁၅ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ တစ်ချို့ရက်တွေမှာတော့ မကွေးမြို့သို့လည်း မတ်ပဲအိတ် ၄ဝဝ ခန့် တင်ပို့တယ်လို့သိရပါတယ်။                                                                                   မိမိအေး