Main menu

Background

ကရင်ပြည်နယ်၏ လယ်ယာထွက်ကုန် ဆန်၊ စပါး ဈေးနှုန်း/ဈေးကွက်အခြေအနေ

Tue, 03/14/2023 - 10:04 -- journal_editor

ကရင်ပြည်နယ်တွင် ဖေဖော်ဝါရီလ ဒုတိယပတ်မှစ၍ လယ်ယာထွက်ကုန် ဆန်၊ စပါး‌ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း နှင့် ယခုအချိန်တွင် ဈေးနှုန်းမှာ ပြန်လည်တည်ငြိမ်လျက်ရှိပြီး မတ်လ ဒုတိယပတ်အတွင်း ဒေသထွက် ဆန်ဈေးနှုန်းများမှာ ဖန်တီးသုခရှယ် ၁၀၈ ပေါင် တစ်အိတ်  ကျပ် ၆၅၀ဝ၀၊ လုံးတီးနီ ၁၀၈ ပေါင် တစ်အိတ် ကျပ် ၄၄၀ဝ၀၊ ဆန်ကွဲကြီး (ပေါင် ၁၁၀) တစ်အိတ်လျှင် ကျပ် ၄၆၀ဝ၀၊ ဆန်ကွဲ လတ်/သေး (ပေါင် ၁၁၀) တစ်အိတ်လျှင် ကျပ် ၄၃၀ဝ၀ ဖွဲနု ပေါင်၆၀ တစ်အိတ် လျှင်  ကျပ် ၁၈၀ဝ၀၊ ပွိုင့်ပေါင် ၆၀ ပါ တစ်အိတ်လျှင် ကျပ် ၁၉၀ဝ၀၊ ဖွဲကြမ်းပေါင် ၆၀ တစ်အိတ်လျှင် ကျပ် ၂၅၀ဝ ဖြင့် ဈေးနှုန်းအသီးသီး ဖြစ်ပေါ်လျက်ရှိသည်။
ဆန်ဈေးအနေဖြင့် ဧည့်မထ  တစ်ပြည်လျှင် ကျပ်၂၅၀ နှုန်းခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ကရင်ပြည်နယ်သည် ဆန်လိုအပ်ချက်ရှိသော ဒေသဖြစ်သောကြောင့် ပြည်နယ်အတွင်းသို့ ဆန်စီးဝင်မှုအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ဆန်တန်ချိန် ၅၃၀ဝ ခန့် စီးဝင်မှုရှိခဲ့ကြောင်း စာရင်းများအရ သိရသည်။
စပါးဈေးနှုန်းအနေဖြင့်  ကရင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ  ဒုတိယပတ်မှစ၍ မတ်လအထိ ဒေသ ထွက် စပါး တင်း ၁၀ဝ လျှင် ကျပ် ၁၃၀ဝ၀ဝ၀ မှ ကျပ် ၁၄၅၀ဝ၀ဝ ခန့်ထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။   
Doca Kayin (ပြည်တွင်း)