Main menu

Background

ပြည်တွင်းလက်ကျန်နည်းလို့ ပဲတီစိမ်းတင်ပို့မှုလျော့

Mon, 11/15/2010 - 04:54 -- Anonymous (not verified)

ပြည်တွင်းလက်ကျန်နည်းလို့ ပဲတီစိမ်းတင်ပို့မှုလျော့     နိုဝင်ဘာလဆန်း ၃ ရက်မှ ၉ ရက်ထိကာလအတွင်း ပဲတီစိမ်း ၈၃၉ တန်နီးပါးနဲ့ ပဲတီစိမ်းလုံးခြမ်း ၂၇၅ တန် စုစုပေါင်း ကန်ဒေါ်လာ ၁ ဒသမ ၁၃၆ သန်းဖိုးယခုအပတ်မှာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း တန်ချိန် ၁၈၄၅ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၁ဝဝဝ ကျော်တင်ပို့မှုလျော့နည်း ခဲ့ပါတယ်။ ပြည်တွင်းလက်ကျန်နည်းနေပြီး ဖြစ်တဲ့အတွက် ပဲတီစိမ်း တင်ပို့မှုလျော့ကျခဲ့တာလို့ မူဆယ်နယ်စပ် ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။ စစ်ကိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီးထွက် ပဲတီစိမ်းများကို မူဆယ်နယ်စပ်ကနေ တင်ပို့နေတာဖြစ်ပါတယ်။ မူဆယ်မှ ပဲတီစိမ်းလုံးခြမ်း တင်ပို့မှုကတော့ ယခင်အပတ်အတိုင်းပြောင်းလဲမှုမရှိပါဘူး၊ ယခင်အပတ်က စစ်တွေနယ်စပ်ကတင်ပို့နိုင်ပေမဲ့ ယခုအပတ်မှာတော့ တင်ပို့နိုင်ခြင်း မရှိတာတွေ့ရပါတယ်။ပဲတီစိမ်းမိမိဘက်မြေပြင်ပေါက်ဈေးဟာ ယခင်အပတ်ကထက် ကျပ် ၂၃၉ဝဝ ကျော်၊ တစ်ဖက်နိုင်ငံဈေးမှာ ဒေါ်လာ ၈၄၃ ဒေါ်လာမြင့်တက်လျက်ရှိတယ်လို့လည်း ကုန်စည်ဒိုင် ဈေးနှုန်းကြေညာလွှာအရ သိရှိရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ် နှစ်နိုင်ငံနယ်စပ်ရှိ ပဲတီစိမ်းမြေပြင်ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ် -                                     မိမိဘက်(ကျပ်/တန်)                                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု               ယခင်      ပြောင်းလဲမှု     ရာခိုင်နှုန်း      ယခု     ယခင်     ပြောင်းလဲမှု     ရာခိုင်နှုန်းပဲတီစိမ်း      ၁ဝ၈၆ဝ၂၇    ၁ဝ၆၂၁၁ဝ         ၂၃၉၁၇         ၂           ၂ဝ၁ဝ  ၁၁၆၇            ၈၃၄        ၄                                                                                                                           MIRT (DOBT)