Main menu

Background

မန္တလေးအဆွဲလျော့လို့ မုံရွာပဲတီစိမ်း ဈေးငြိမ်

Mon, 11/15/2010 - 05:01 -- Anonymous (not verified)

မန္တလေးအဆွဲလျော့လို့ မုံရွာပဲတီစိမ်း ဈေးငြိမ်   မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ ၁ဝ ရက်ပတ် ပဲတီစိမ်းကြီးဈေးကွက်အနေနဲ့ နယ်အဝင်ပုံမှန်ရှိခဲ့ကာ မန္တလေး အဆွဲအနည်းငယ် အေးပြီး ဈေးလည်းငြိမ်နေတာတွေ့ရပါတယ်။ ယခုရက်ပတ်အတွင်း ပဲတီစိမ်းအကြီး တစ်တင်းအောက်စ ၂၁ဝဝဝ ကျပ်၊ ထိပ်စ ၂၇ဝဝဝ ကျပ်နဲ့ တစ်ရက်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။  မန္တလေး ဈေးကွက်ကို တင်ပို့မှုအနေနဲ့ ယခင်အပတ်ကထက် တင်း ၁ဝဝ ခန့် လျော့နည်းသွားခဲ့ပြီး ယခုလ ၁ဝ ရက်ပတ်အတွင်း တင်း ၂ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                              ထွန်းလှိုင်