Main menu

Background

ပြည်ဈေးကွက် ဈေးမာ

Mon, 11/15/2010 - 05:04 -- Anonymous (not verified)

ပြည်ဈေးကွက် ဈေးမာ     ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းရဲ့ ဆောင်းပဲတီစိမ်းကို ယခုနှစ်မှာ ဧက ၂၃ဝဝဝ ကျော်စိုက်ပျိုးဖို့ လျာထားပြီး ယခုနိုဝင်ဘာလဆန်းပိုင်းအထိ ဧက ၁ဝဝဝဝ ကျော် စိုက်ပျိုးပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းဈေးနှုန်းကတော့ ယခင် အပတ်က တစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေး ရှိခဲ့ပြီး ယခုနိုဝင်ဘာ ဒုတိယပတ်အတွင်း တစ်တင်းကို ၂၇၅ဝဝ ကျပ်ထိ ဈေးမြင့် တက်လာခဲ့ပါတယ်။ ပြည်ဈေးကွက်ကို မကွေးတိုင်းဒေသကြီးဖက်မှ အဝင်ရှိသလို ပြည်မြို့အနောက်ဖက်ကမ်း မြို့နယ် များမှလည်း နေ့စဉ်အဝင်ရှိခဲ့တာကြောင့် တစ်ရက်ကို အိတ် ၃ဝဝ ကျော် ဝင်ရောက်မှု ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးသို့ ယခုတစ်ပတ် အတွင်း အိတ် ၂ဝဝ ခန့် တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။                                                  ခင်ဆွေဝင်း