Main menu

Background

ဈေးမြင့်လို့အဝယ်အေးလာတဲ့ မုံရွာကုလားပဲ

Mon, 11/15/2010 - 05:06 -- Anonymous (not verified)

 ဈေးမြင့်လို့အဝယ်အေးလာတဲ့ မုံရွာကုလားပဲ            နိုဝင်ဘာလ ၁ဝ ရက်ပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ဈေးဆက်လက်မာနေတဲ့အတွက် အဝယ်အနည်းငယ်အေးသွားခဲ့ကြောင်း သိရပါ တယ်။ အခုရက်ပတ်ထဲမှာ ကုလားပဲရိုးရိုးဈေးမဖွင့်ခဲ့ပေမဲ့ ကုလားပဲတိုင်ပေ တစ်တင်း ၂၄၈ဝဝ ကျပ်၊ ကုလားပဲ ဗွီတူး တစ်တင်း ၂၅၅ဝဝ ကျပ်နဲ့ ၉၂၉ ကုလားပဲတစ်တင်း ၂၅၈ဝဝ ကျပ်အသီးသီးတက်ဈေး ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုအခါ မုံရွာ နယ်ဝန်းကျင်က ဆောင်းသီးနံှစိုက်မဲ့ သူတွေမျိုးအတွက် အဝယ်လိုက်ခဲ့ပြီး အထွက် နှုန်းကောင်း ဈေးပိုရတဲ့၊ ၉၂၉ ကုလားပဲတွေ စိုက်ပျိုးဖို့ အဝယ်များတယ်လို့ ပွဲရုံ ရပ်ကွက်က ကြားသိရပါတယ်။ ယခုရက်ပတ်အတွင်း မန္တလေးအဝယ်အေးခဲ့ကာ မုံရွာကုန်စည်ဒိုင်နယ်မြေမှ တင်း၂ဝဝဝ နီးပါးသာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။                                                                                                                       ထွန်းလှိုင်