Main menu

Background

မူဆယ်မြို့ နမ့်အွမ်သကြားစက်ရုံ သကြားထုတ်လုပ်မှု အခြေအနေ

Tue, 03/28/2023 - 11:08 -- journal_editor

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် နမ့်အွမ်သကြားစက်ရုံ၏ စက်လည်ပတ်မှု အခြေအနေမှာ ကိုဗစ်ကာလအတွင်း စက်လည်ပတ်မှု ယာယီပိတ်ထားပြီး  ၂၀၂၃ ခုနှစ်တွင် ကိုဗစ်ဖြစ်ပွားမှု လျော့နည်းလာသောကြောင့် သကြားစက်ပြန်လည် လည်ပတ်ခဲ့ကြောင်းသိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် စက်စတင်လည်ပတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တန်ချိန် ၃၂၀ဝ၀၊ သကြားအထွက်နှုန်း ၁၀ ဒသမ ၂ ရာခိုင်နှုန်း၊ သကြားအထွက်တန်ပေါင်း ၃၂၆၄ ဒသမ ၁၅ တန်ထွက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ကြံတန်ချိန် ၅၃၆၀ဝ တန်၊ သကြား အထွက်နှုန်း ၁၀ ဒသမ ၄ ရာခိုင်နှုန်း ထွက်ရှိကြောင်း၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလထိ သကြားအထွက် ၅၅၇၄၄ တန် ထွက်ရှိကြောင်း၊ ၂၀၂၃ခုနှစ် မတ် ၁၆ ရက်ထိသာ စက်လည်ပတ်ခဲ့ကြောင်း သိရှိရသည်။
နမ့်အွမ်သကြားစက်ရုံသည် ကုန်ကြမ်းကြံ တစ်ရက်လျှင် တန် ၁၄၀ဝ ကြိတ်ဝါးနိုင်ကြောင်း၊ တစ်လအတွင်းမှာ ကြံတန် ၁၅၀ဝ၀ဝ အထိ ကြိတ်ဝါးနိုင်ကြောင်း၊ နမ့်အွမ်သကြားစက်ရုံသည် ကြံစိုက် တောင်သူများအပေါ်တွင် မြေသြဇာ၊ ပိုးသတ်ဆေး အကြွေးစနစ်ဖြင့်  ပံ့ပိုးပေးပြီး ကြံပေါ်ချိန် ကြံဖိုးမှ ပြန်လည်ဖြတ်တောက်ကြောင်း၊ ကြံခင်းအသစ်စိုက်ပျိုးသည့် တောင်သူများကို တစ်ဧကလျှင် မြန်မာငွေကျပ် ၁၀၅၀ဝ၀ဝ ပေးပြီး အကြွေးစနစ်ဖြင့် ပံ့ပိုးပေးပြီး ကြံပေါ်ချိန် ကြံဖိုးမှ ပြန်လည်ဖြတ်တောက်ကြောင်း၊ ကြံစက်ရုံရှိသည့်အတွက် ကြံတောင်သူများလည်း အားကိုးအားထားရာ နေရာဖြစ်ကြောင်း ကြံစိုက်တောင်သူများ ပြောကြားချက်အရ သိရှိရသည်။
မူဆယ်မြို့နယ်အတွင်းရှိ နမ့်အွမ်ကျေးရွာတစ်ဝိုက်၌ ယခင်နှစ်တွင် ကြံဧက ၁၀ဝ၀ဝ စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကြံဧက ၇၀ဝ၀ ခန့်သာ စိုက်ပျိုးခဲ့ကြောင်း ယခုနှစ်တွင် ကြံဧက အနည်းငယ် လျော့နည်းကြောင်း သိရှိရသည်။
နမ့်အွမ်သကြားစက်ရုံသည် တရုတ်ပြည်ဘက်သို့ သကြားတင်ပို့ရာတွင် လက်ရှိအခြေအနေသည် တရုတ်နိုင်ငံဘက်မှ သကြားဝယ်လက် နည်းနေသောကြောင့် လာမည့်နှစ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုန်းမြို့သို့ စက်ရုံပြောင်းရွှေ့မည့် အခြေအနေရှိသည်ဟု နမ့်အွမ်သကြားစက်ရုံမှူး၏ ပြောပြချက်အရ သိရသည်။                                                                                  

မိုင်းငိုမြင့်ဝန်း (Doca muse)