Main menu

Background

ဈေးမာနေတဲ့ မန်းကုလားပဲ

Mon, 11/15/2010 - 05:12 -- Anonymous (not verified)

 ဈေးမာနေတဲ့ မန်းကုလားပဲ    ယခုနိုဝင်ဘာလဒုတိယပတ် မန်းဈေးကွက်မှာ ကုလားပဲကို မျိုးအဖြစ် စိုက်ပျိုးမဲ့ တောင်သူများ၊ ဒေသတွင်း ပဲခွဲစက်ပိုင်ရှင်များရဲ့ ဝယ်လိုအားကြောင့် ယခင်အပတ်ထက် အရောင်းအဝယ်သွက်ပြီး ဈေးမြင့်လာတာ တွေ့ရပါတယ်။ မျိုး စိုက်ပျိုးမဲ့ တောင်သူများမှ ဗွီတူးအပြင် V7 , (929)  မျိုးများကိုလည်း စိုက်ပျိုးရန် အတွက်ဝယ်ယူနေတာကိုလည်း တွေ့ရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ တစ်ပိဿာ ကို ၁၃၆၂ ကျပ်၊ ၁၃၉၇ ကျပ်၊ ၃ တင်းတစ်အိတ် ၇၈ဝဝဝ ကျပ်၊ ၈ဝဝဝဝ ကျပ်ဈေးနှုန်းဖြင့် မျိုးအတွက် V2, V7, 909  တို့ဟာ ဈေးကွာဟမှုမရှိဘဲ ဈေးအတူတူဖြင့် ရောင်းဝယ်နေတာဖြစ်တယ်လို့ မျိုးရောင်းဝယ်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။ ယခုတစ်ပတ် ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၆၂ ကျပ်၊ ကုလားပဲ (တိုင်ပေ) ၁၉၂၈ ကျပ်နဲ့ ရောင်းဝယ်နေကြသလို ပဲခွဲစက်လုပ်ငန်းရဲ့ ဝယ်လိုအား ကောင်းနေတာကြောင့် ဆက်လက်ပြီး ဈေးမာနေဦးမယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များက ခန့်မှန်းကြကြောင်း သိရပါတယ်။                                                ကျော်ကျော်မိုး