Main menu

Background

ပဲလွန်းဖြူလက်ကျန်များ တင်ပို့မှုလျော့လာ

Mon, 11/15/2010 - 05:17 -- Anonymous (not verified)

ပဲလွန်းဖြူလက်ကျန်များ တင်ပို့မှုလျော့လာ             ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတန် ၂ဝဝ ခန့် တင်ပို့မှု ရှိခဲ့ပေမဲ့ ယခုတစ်ပတ် (အောက်တိုဘာလ ၄ ရက်မှ ၁ဝ ရက်) အတွင်းမှာ တန်ချိန် ၁၄ဝ ကျော်ကို လျော့ကျလာခဲ့ပါတယ်။ လက်ကျန်ပဲအဟောင်းတွေ လျော့ကျလာတာကြောင့် တင်ပို့မှု လျော့ကျလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပဈေးကွက်တွေက အဝယ်ရှိနေဆဲ ပဲလွန်းဖြူဟာ လက်ကျန်နည်းသွားတာ ကြောင့် ဈေးမြင့်လာခဲ့ပါတယ်။ ယခင်တစ်ပတ်က SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ရှိရာမှ နိုဝင်ဘာလ ၁၁ ရက်မှာတော့ ၈၉ဝ-၉ဝဝ ကိုမြင့်လာပြီး  FAQ ဈေးမှာ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ ဖြစ်တယ်လို့ သိရပါတယ်။                                                                                                  MIRT - MAPT