Main menu

Background

ပဲယင်းအနည်းငယ်ဆက်လက်တင်ပို့

Mon, 11/15/2010 - 05:20 -- Anonymous (not verified)

ပဲယင်းအနည်းငယ်ဆက်လက်တင်ပို့           အခြားပဲတွေထဲမှာ ပမာဏမများပေမဲ့ တင်ပို့မှုရှိနေသေးတာကတော့ ပဲယင်းဖြစ်ပါတယ်။ ယခုတစ်ပတ် နိုဝင်ဘာလ ၄ ရက်မှ ၁၁ ရက်အတွင်းမှာ ၇၂ တန် တင်ပို့တဲ့နိုင်ငံတွေကတော့ ကိုရီးယား၊ မလေးရှား၊ စင်ကာပူတို့ဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၃ဝဝ ကျော်သာရှိပြီး စက်တင်ဘာလမှာ တန်ချိန် ၆ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်နှစ် အောက်တိုဘာလမှာ တန်ချိန် ၁၄ဝဝ ခန့်တင်ပို့နိုင်ခဲ့လို့ ယခုနှစ် ကာလတူမှာ သိသိသာသာလျော့ကျတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ  FAQ တစ်တန် ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ ဖြစ်ကြောင်း သိရပါတယ်။                     MIRT - MAPT