Main menu

Background

ဈေးဆက်မြင့်လာတဲ့ ပြည်ပဲနီပြား

Mon, 11/15/2010 - 05:24 -- Anonymous (not verified)

ဈေးဆက်မြင့်လာတဲ့ ပြည်ပဲနီပြား           ပြည်ဈေးကွက်အတွင်း လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲနီပြားဈေးနှုန်းမှာ ယခုနိုဝင်ဘာ ဒုတိယပတ်မှာ တစ်တင်းကို ၂၈ဝဝဝ ကျပ်ဖြင့် ဈေးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလကုန်တွင် တစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးဖြင့် ရောင်းဝယ်ခဲ့ကြပြီး နိုဝင်ဘာ ပထမပတ်တွင် ၂၇ဝဝဝ ကျပ်ဈေးသို့ မြင့်တက်လာကာ ယခုတစ်ပတ်တွင် တစ်တင်းကို ၂၈ဝဝဝ ကျပ်ထိ တဖြည်းဖြည်းဈေးမြင့်တက် လာခဲ့ပါတယ်။ လက်ကျန်နည်းလာတဲ့ အတွက် လက်ကားဝယ်ယူသူများရှိပေမယ့် လက်လီ သမားများဖြင့်သာ တစ်ရက်ကို ၁၄ အိတ် ၊ ၁၅ အိတ်ခန့် အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။               ခင်ဆွေဝင်း