Main menu

Background

တာချီလိတ်မှလည်း သဘာဝဓာတ်ငွေ့ရည် တင်သွင်းလာ

Mon, 11/15/2010 - 05:37 -- Anonymous (not verified)

တာချီလိတ်မှလည်း သဘာဝဓာတ်ငွေ့ရည် တင်သွင်းလာ     နိုဝင်ဘာလ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ ဓာတ်ဆီအဝင်ကတော့ ကော့သောင်းနယ်စပ်ဘက်ကရော တာချီလိတ်ဘက်ကပါ ဝင်တာတွေ့ရပါတယ်။ တာချီလိတ်နယ်စပ်က ဓာတ်ဆီအပြင် ဒီဇယ်ဆီနဲ့ သဘာဝဓာတ်ငွေ့အရည်များ လည်း ယခုအပတ်မှာတင်သွင်းတာတွေ့ရပါတယ်။ ယခုအပတ်မှာ ကော့သောင်းမှ ဓာတ်ဆီ ၃၄၁၃ဝ ဂါလန်နဲ့ တာချီလိတ်မှ ၃၇၆ဝဝ ဂါလန် စုစုပေါင်းဓာတ်ဆီ ၇၁၇၃ဝ ဂါလန်၊ ဒီဇယ်ဆီ ၁၅၅ဝ၆၈ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၃၈ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် နယ်စပ်စခန်း များမှ ဓာတ်ဆီရော ဒီဇယ်ဆီပါ တင်သွင်းမှုလျော့ကျခဲ့တာ တွေ့ရပါတယ်။ တာချီလိတ်စခန်းအနေနဲ့ကတော့ ဓာတ်ဆီရော ဒီဇယ်ဆီပါ ပိုမိုတင်သွင်းနိုင်ခဲ့ပြီး ကိုျင်းတုံ၊ တောင်ကြီးဘက်ကိုအဆင်းကားများပြီး စက်သုံးဆီအဝယ်လိုက်ခြင်း၊ ပွင့်လင်းရာသီ ရောက်ပြီဖြစ်တဲ့အတွက် ပို့ကုန်သွင်းကုန်ယာဉ်များ ဝင်ရောက်မှုများလာလို့ ဓာတ်ဆီ၊ ဒီဇယ်ဆီရောင်းအား သွက်လာတယ်လို့ တာချီလိတ် နယ်စပ်ကုန်သည်အသင်းက သိရပါတယ်။ ဒီတစ်ပတ်မှာ သဘာဝဓာတ်ငွေ့ရည် ၁၂၁၉ဝ ကီလိုဂရမ်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၆ဝ၄၅ ဖိုးလည်း တင်သွင်းနိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ဧပြီလမှ အောက်တိုဘာလအထိ နယ်စပ်စခန်းများမှ ဓာတ်ဆီဂါလန် သိန်း ၃ဝ ကျော်၊ ဒီဇယ်ဆီ ဂါလန် သိန်း ၄ဝ ကျော်နဲ့ သဘာဝဓာတ်ငွေ့ရည် ၇၂၄၇ဝ ကီလိုဂရမ်တင်သွင်းထား ပြီး ဖြစ်ပါတယ်။                                                                                                                             MIRT (DOBT)