Main menu

Background

အခေါက်ရွှေပေါက်ဈေး ကမ္ဘာ့ဈေးထက် အနည်းငယ်မြင့်

Mon, 11/15/2010 - 05:42 -- Anonymous (not verified)

အခေါက်ရွှေပေါက်ဈေး ကမ္ဘာ့ဈေးထက် အနည်းငယ်မြင့်             ရန်ကုန်ဈေးကွက်အတွင်း အခေါက်ရွှေပေါက်ဈေးမှာ ကမ္ဘာ့ရွှေပေါက် ဈေးထက် အနည်းငယ်မြင့်နေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းကသိရသည်။              ''မြန်မာ့ရွှေဈေးကွက်မှာ ဒေါ်လာဈေးကကျနေတာကြောင့် အခေါက်ရွှေ ပေါက်ဈေးက ကမ္ဘာ့ရွှေပေါက်ဈေးထက် အနည်းငယ်ပိုမြင့်နေပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ်ထဲမှာ အခေါက်ရွှေ ၁ ကျပ်သားကို ၆၆၇ဝဝဝ ကျပ်ဝန်းကျင်မှာ ဖြစ်ပေါ်နေပါတယ်။ ဒီဈေးနှုန်းအနေအထားကို အရပ်ဝယ်လက်တွေ ကြိုက်တဲ့အတွက် ဈေးကွက်ထဲမှာ အနုတ်အသိမ်းရှိနေပါတယ်။ဒီအပတ်ထဲမှာ မန္တလေးနဲ့ ရန်ကုန်ရွှေပေါက်ဈေးတူနေပြီး၊ ဈေးနှုန်းအပြောင်းအလဲမရှိတာ ကြောင့် မန္တလေးဘက်က အခေါက်ရွှေ အဝင်မရှိပါဘူး။ ရန်ကုန်ဈေးကွက်ထဲက ရွှေတွေပဲ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်''ဟု ယင်းအသင်းက တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။              နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အခေါက်ရွှေ ၁ ကျပ်သားလျှင် (၆၆၇၇ဝဝ -၆၆၇၃ဝဝ)ကျပ် ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁၃၈၉ ဒေါ်လာဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။                                            ခင်မျိုးသွယ်