Main menu

Background

ပွင့်လင်းရာသီသို့ ရောက်ရှိလာသော်လည်း စိန်ဈေးကွက် ထင်သလိုမဖြစ်

Mon, 11/15/2010 - 05:48 -- Anonymous (not verified)

 ပွင့်လင်းရာသီသို့ ရောက်ရှိလာသော်လည်း စိန်ဈေးကွက် ထင်သလိုမဖြစ်      ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သော်လည်း စိန်ဈေးကွက် အရောင်းအဝယ်မှာ မျှော်မှန်းထားသလိုဖြစ်မလာဘဲ အရောင်းအဝယ်အေးနေ ကြောင်း စီအမ်စိန်ဆိုင်ပိုင်ရှင် ဦးရွှေကြည်က ပြောကြားသည်။    ''ပွင့်လင်းရာသီဆိုပေမယ့် အရောင်းအဝယ်က ထင်သလိုဖြစ်မလာဘူး။ မနှစ် ကလည်း အရောင်းအဝယ် အေးတယ်ဆိုပေမယ့် အခုက မနှစ်ကထက်ကို ပိုအေး နေတယ်။ တစ်လောက စိန်ကျင်ဖြူတွေ ဈေးတက်လာတယ်ဆိုပေမယ့် ခုပြန်ငြိမ် သွားတယ်၊ အရောင်းအဝယ်က သိပ်မရှိတော့ ရောင်းသူတွေကဈေးကို သိပ်ပြီးလိုက် မတက်ရဲဘူး၊ ဖောက်သည်ပျက်မှာစိုးလို့ ဈေးကိုချိန်ပြီး ရောင်းနေရတယ်။ အခု အချိန်က တွက်ခြေကိုက်တယ်လို့တော့ မဟုတ်ဘူး၊ ဒီလိုပဲ ဈေးကွက်မပျက်အောင် ထိန်းပြီး ဈေးရောင်းနေကြရတာ''ဟု ယင်းကပြောကြားသည်။    ယခုလတ်တလောဈေးကွက်အတွင်း အရောင်းအဝယ်များလည်း အေးနေ သလို အပ်ထည်များလည်း နည်းပါးလျက်ရှိကြောင်း ပွင့်လင်းရာသီ၊ မင်္ဂလာဆောင် ရာသီဖြစ်သော်လည်း စိန်ဝယ်ယူမှုမှာ နည်းပါးနေသေးကြောင်းနှင့် ရှေ့ဆက်၍ လည်း အရောင်းအဝယ်မှာ ယခုကဲ့သို့ပင် ပုံမှန်အနေအထားတွင်သာ ရှိနိုင်ကြောင်း နှင့် ပြည်တွင်းစိန်ဈေးနှုန်းများ ငြိမ်နေသော်လည်း ပြည်ပတွင်စိန်ဈေးနှုန်းများ မြင့် တက်လျက်ရှိကြောင်း ယင်းက ထပ်မံပြောကြားသည်။                                    မင်းသန့််