Main menu

Background

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးမြင့်တက် ပြည်တွင်းဝယ်လိုအားထက် နယ်စပ်ဝယ်လိုအားသာများနေ

Mon, 11/15/2010 - 05:50 -- Anonymous (not verified)

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးမြင့်တက် ပြည်တွင်းဝယ်လိုအားထက် နယ်စပ်ဝယ်လိုအားသာများနေ          ကမ္ဘာ့ရွှေဈေးမှာ စံချိန်ကျိုးအောင် မြင့်တက်လာမှုကြောင့် ပြည်တွင်း ရွှေ ဈေးနှုန်းများပါ ကျပ်တစ်သောင်းဝန်း ကျင်မြင့်တက်လာပြီး ပြည်တွင်းဝယ်လို အားထက် နယ်စပ်ဝယ်လိုအားသာ များ ကြောင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။       ''ကမ္ဘာ့ရွှေဈေးက စံချိန်ကျိုးအောင် မြင့်တက်နေတော့ ပြည်တွင်းရွှေဈေးက ထင်သလို မကျဘူး။ မှန်းသလောက် မကျဘူးဖြစ်နေတယ်၊ ရင်းနှီးမြုပ်နံှသူ တွေကလည်း ကားလေလံ၊ အိမ်၊ ခြံ၊ မြေတွေကြောင့် ရွှေဘက်ကို ရင်းနှီး မြုပ်နံှမှု သိပ်မလုပ်နိုင်ဘူး၊ ရွှေဈေးအဖွင့် အပိတ်ကလည်း ဘယ်သူက ဖွင့်တယ်၊ ဘယ်သူက ပိတ်တယ်ဆိုတာ မရှိဘူး။ ဝယ်သူ ရောင်းသူ နှစ်ဦးတွေ့ကြတာပဲ။ မနှစ်က ဒီအချိန်မှာရွှေဈေးငြိမ်နေတယ်။ ရွှေဈေးခိုင်မာတဲ့အတွက် ပြည်တွင်းရွှေ ဈေးက ကမ္ဘာ့ရွှေဈေးပေါ် မူတည်နေ တယ်။ ကမ္ဘာ့ရွှေဈေးက အနိမ့်ဆုံးအနေ နဲ့ပြောရရင် တစ်ရက်ထဲမှာ ၂၅ဒေါ်လာ လောက်တက်လာတယ်''ဟု ယင်းက ပြောကြားသည်။        ကမ္ဘာ့ရွှေဈေးနှုန်းမှာ နိုဝင်ဘာလ ၆ ရက်နေ့တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၈ဝ သာရှိရာမှ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ၁၄၂၈ အထိမြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေး နှုန်းမှာလည်း နိုဝင်ဘာလ ၆ ရက်နေ့ တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၆၅ဝဝဝ ကျပ်မှ နိုဝင်ဘာလ ၁၁ ရက် နေ့တွင် ၆၇၁၅ဝဝ ကျပ်အထိမြင့်တက်ခဲ့ ကြောင်း သိရသည်။                                                                                                                                           မင်းးသန့််