ပင်လယ်ရေကြောင်းက သြ၈ဲနစ်မြေသြဇာများ ဦးစားပေးတင်သွင်း နိုဝင်ဘာ ၁ ရက်မှ ၇ ရက်နေ့တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၆ဝ၄ ဒသမ ဝ၅ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံများကတော့ ကိုရီးယားနိုင်ငံမှ အော်ဂဲနစ်ဓါတ် မြေသြဇာတန်ချိန်အားဖြင့် ၁၉ ဒသမ ၂ တန်၊ ဗီယက်နမ်နိုင်ငံမှ အော်ဂဲနစ်ဓါတ်မြေသြဇာတန်ချိန်အားဖြင့် ၅၁၂ ဒသမ ၅တန်၊ ထိုင်းနိုင်ငံဘက်မှ မြေဆီမြေသြဇာ တန်ချိန် ၇၂ ဒသမ ၃၅ တန်တို့ကို တင်သွင်းခဲ့ပါတယ်။ ဆောင်းသီးနံှအမယ်စုံအတွက် သြဂဲနစ်မြေသြဇာကို အလေးပေးတင်သွင်းလာတာတွေ့ရပြီး ယခင်သီတင်းပတ်က ဓာတ်မြေသြဇာ ၈၈၃ တန်တင်သွင်းနိုင်ခဲ့ကာ ယခုသီတင်းပတ်တွင် ၆ဝ၄ တန်တင်သွင်းခဲ့တာကြောင့် ယခင်သီတင်းပတ်ထက် တန်ချိန် ၁၇၉ တန်လျော့နည်း ပြီး တင်သွင်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
Background