Main menu

Background

နယ်စပ်အသွင်းလျော့

Mon, 11/15/2010 - 05:58 -- Anonymous (not verified)

နယ်စပ်အသွင်းလျော့          နိုဝင်ဘာ ၃ ရက်မှ ၉ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာတင်သွင်းမှုဟာ တန်ချိန် ၇၁ဝဝ ကျော်ရှိပြီး ယခင်အပတ် တင်သွင်းမှုအောက် တန်ချိန် ၁ဝဝဝ ကျော် လျော့နည်းခဲ့ပါတယ်။ ရိဒ်နယ်စပ်တစ်ခုသာ ယခင်အပတ် တင်သွင်းမှုထက် ၉ တန် ပိုမိုတင်သွင်းခဲ့ပြီး ကျန်နယ်စပ်စခန်းများမှ တင်သွင်းမှု လျော့နည်းခဲ့တာတွေ့ရပါတယ်။ ယခုအပတ်မှာ နယ်စပ်စခန်းအလိုက် ဓာတ်မြေသြဇာတင်သွင်းမှုကတော့ မူဆယ်မှ ၆၉၂ဝတန်၊ ကော့သောင်းမှ ၈၃ တန်၊ ရိဒ်မှ ၉၉ တန်နဲ့ တာချီလိတ်မှ ၂ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှအများဆုံး တင်သွင်းတဲ့ ဓာတ်မြေသြဇာက ယူရီးယားဖြစ်ပြီး တန်ချိန် ၃၉၇၄ တန်ရှိပါတယ်။ ဒုတိယအများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာက ကွန်ပေါင်းဖြစ်ပါတယ်။ တတိယ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာက နိုက်တြိတ်ဖော့စဖိတ်ဖြစ်ပါတယ်။ ရိဒ် နယ်စပ်အနေနဲ့ကတော့ ယူရီးယားနဲ့ ပိုတက်ရှ်ဓာတ်မြေသြဇာပဲ ပုံမှန်တင်သွင်းတာ ဖြစ်ပါတယ်။                                                        MIRT (DOBT)