Main menu

Background

ဘိလပ်မြေ ဆက်အဝင်ကောင်း

Mon, 11/15/2010 - 06:52 -- Anonymous (not verified)

ဘိလပ်မြေ ဆက်အဝင်ကောင်း      ပင်လယ်ရေကြောင်းကနေ နိုဝင်ဘာပထမအပတ်အတွင်း ဘိလပ်မြေတန်ချိန် ၆၂၂ဝတန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ၅၂၉၉၂၅ ဒေါ်လာဖိုးတင်သွင်းခဲ့ပါတယ်။ ဖောက်သည်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဘက်ကစီ-၁၅ဝ တန်ချိန်၅၅ဝ၊ စိန်တံဆိပ် တန်ချိန်၃၅ဝဝ၊TPI  တံဆိပ် တန်ချိန် ၁ဝဝဝ နဲ့ ဆင်တံဆိပ်တန်ချိန် ၁ဝ၅တန် စုစုပေါင်း တန်ချိန် ၅၁၅၅ တန်တို့ကို တံဆိပ်အစုံနဲ့ ဈေးကွက်တိုးဝင်တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် တရုတ်တိုင်ပေနိုင်ငံဘက်ကလည်း မောင်းတိန်းတံဆိပ်တန်ချိန် ၁ဝ၆၅ တန် ကို တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ဘိလပ်မြေ အဝင်တန်ချိန် နှစ်သောင်းကျော်ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် တန်ချိန်ခြောက်ထောင်ကျော်သာ ရှိခဲ့တာကြောင့် ယခင်အပတ်ထက် အဝင်သုံးပုံနှစ်ပုံကျော် လျော့နည်းခဲ့ပေမဲ့လည်း ရာသီပွင့်လင်းလာတာနဲ့အညီ အဝင်ပမာဏကလည်း စက်တင်ဘာလကစပြီး ဆက် တိုက်ဆိုသလို အဝင်ကောင်းခဲ့ပါတယ်။                                                                                                       MIRT (DOT)