ဘိလပ်မြေနယ်စပ်မှ တင်သွင်းမှုလျော့ နိုဝင်ဘာလ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်း နယ်စပ်မှ ဘိလပ်မြေတင် သွင်းမှုဟာ တန် ၂၆၂၈ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂၂၅သန်း ဖိုးသာရှိပါတယ်။ စီမံကိန်းလုပ်ငန်းများအတွက် အများဆုံးတင်သွင်းလျက်ရှိတဲ့ ကန် ပိုက်တီးနယ်စပ်မှ ယခုအပတ် တင်သွင်းမှုမရှိတဲ့အတွက် သိသိသာသာ လျော့နည်း သွားတာဖြစ်ပါတယ်။ ဒီပါဝလီ ဘာသာရေးပွဲတော်ရှိတဲ့အတွက် သွင်းကုန်လုပ်ငန်းရှင်အချို့ လုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့တဲ့တာကြောင့် ဘိလပ်မြေနဲ့ အိမ်ဆောက် ပစ္စည်းတင်သွင်းမှု ကျဆင်းလျက်ရှိတယ်လို့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးမှ သိရ ပါတယ်။ ယခုအပတ်မှာ နယ်စပ်စခန်းအလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၁၂၂၉ တန်ကျော်၊ လွယ်ဂျယ်မှ ၆ဝ၅ တန်၊ မြိတ်မှ ၄၂၂ တန်ကျော်နဲ့ မူဆယ်မှ ၃၇၂ တန်ကျော် တင်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ဧပြီလမှ အောက်တိုဘာလထိ နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၁၂၆၅ဝဝနီးပါး တင်သွင်းထားပြီး စက်တင်ဘာလမှာ အများဆုံးတင်သွင်းထားတာဖြစ်ပါတယ်။MIRT (DOBT)
Background