ဆောင်းအဝင်မှာ အသွင်းပို ယခုသီတင်းပတ်ဖြစ်တဲ့ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်နေ့တာ ကာလ အတွင်း နို့ဆီနို့စိမ်း စုစုပေါင်း ၄၁၈ ဒသမ ၈၃ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ စင်ကာပူ နိုင်ငံဘက်မှ ဒွန်းတံဆိပ် နို့ဆီ တန်ချိန်အားဖြင့် ၈၆ဒသမ၁၁၂၊ အိုကေ တံဆိပ်နို့စိမ်း တန်ချိန်အားဖြင့် ၃၃၂ ဒသမ ၇၁ နဲ့ တရုတ်နိုင်ငံလုပ် ဆွိတံဆိပ် နို့ဆီ ၄ တန်တို့အပါအဝင် စုစုပေါင်း တန်ချိန် ၄၁၈ ဒသမ ၈၃ ကို တင်သွင်း ခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တွင် နို့ဆီတန်ချိန် ၈၈ သာ တင်သွင်းခဲ့ပြီး ယခု သီတင်းပတ်အတွင်း နို့ဆီရော နို့စိမ်းပါ အဝင်ရှိခဲ့တာတွေ့ရပါတယ်။ ဒီတစ်ပတ် အဝင် တန်ချိန်ကလည်း အအေးပိုင်း အဝင် ကာလမှာ အသွင်းပိုခဲ့တာ တွေ့ ရပါတယ်။ နို့မှုန့်အဝင်ကိုကြည့်ရင် သြစတြေးလျနိုင်ငံမှ ၁၇ ဒသမ ၂ဝ၄ တန်နဲ့ နယူးဇီလန်နိုင်ငံမှ ၁၂၅ ဒသမ ၉၇၅တန်၊ စုစုပေါင်း ၁၄၃ ဒသမ ၁၇၉ တန်ကို တင်သွင်းခဲ့ပြီး ယခင်သီတင်း ပတ်က ၃ တန်သာရှိခဲ့တာမို့ ပွင့်လင်း ကာလမှာ ဖြန့်ဖြူးရေးအတွက် လုပ်ငန်း ရှင်များက နို့မှုန့်တန်ချိန် တော်တော်များများ တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOT)
Background