Main menu

Background

နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်

Mon, 11/15/2010 - 07:09 -- Anonymous (not verified)

နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်       ယခင်အပတ်ကရာသီဥတုမကောင်း တဲ့အတွက် ကော့သောင်းနယ်စပ်မှ နို့ဆီ၊ နို့စိမ်း တင်သွင်းနိုင်မှု မရှိခဲ့ပေမဲ့ ယခုအပတ်မှာတော့ တင်သွင်းမှု ပြန်လည်မြင့်မားလာတယ်လို့ ကော့သောင်း နယ်စပ်မှ သိရပါတယ်။ ယခုအပတ်မှာ နို့ဆီ ၁၄၇၉ မက်ထရစ်တန်ခန့်(၇၈ဝဝ ကာတွန်း)နဲ့နို့စိမ်း၁၈၉၆ မက်ထရစ်တန် (၁ဝဝဝဝ ကာတွန်း)တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၇၅၉၉၃ သိန်းဖိုး တင်သွင်း နိုင်ခဲ့ပါတယ်။ Myboy၊Shipနဲ့Falcon တံဆိပ် နို့ဆီများနဲ့ myboy တံဆိပ် နို့စိမ်းများ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ကော့သောင်းမှာ နို့ဆီ ၁ ကာတွန်းကို ၃ဝ၂ဝဝ ကျပ်နဲ့ နို့စိမ်း ၁ ကာတွန်းကို ၃ဝဝဝဝ ကျပ် ဈေးပေါက်လျက်ရှိတယ် လို့ သိရပါတယ်။ အောက်တိုဘာလမှာ နို့ဆီ ၁၄၁၅ဝ ကာတွန်း၊ နို့စိမ်း ၁၆၂၅၄ ကာတွန်းတင်သွင်းခဲ့ပြီး ဧပြီလမှ အောက်တိုဘာလထိ နို့ဆီ၊ နို့စိမ်းတင် သွင်းမှုစုစုပေါင်းမှာ ၁၁၅ဝ၈၂ ကာတွန်း ရှိပြီဖြစ်ပါတယ်။ ယခုအပတ်မှာ မူဆယ် နယ်စပ်မှ နို့မှုန့်တစ်တန်ခွဲ၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၄၂၇ဝ ကျော်ဖိုးတင် သွင်းနိုင်ခဲ့ပါတယ်။ မေလမှ အောက်တိုဘာလထိ နို့မှုန့်တန်ချိန် ၅ဝဝ ကျော် မူဆယ်မှတင်သွင်းထားပြီးဖြစ်ပါတယ်။                                               MIRT (DOBT)