Main menu

Background

နှမ်းတင်ပို့မှုလျော့ကျ

Mon, 11/15/2010 - 07:27 -- Anonymous (not verified)

နှမ်းတင်ပို့မှုလျော့ကျ       ယခုအပတ်မှာ နှမ်းတင်ပို့မှုသိသိသာသာလျော့ကျလျက်ရှိတာ တွေ့ရပါ တယ်။နှမ်းဖြူဈေးများမှာ မိမိဘက်ရော တစ်ဘက်နိုင်ငံပါ ဈေးကျလျက်ရှိပြီး နှမ်းနက် မှာ မိမိဘက် ဈေးအနည်းငယ် မြင့်တက်လျက် ရှိပါတယ်။ ယခုအပတ်မှာ မူဆယ် နယ်စပ်က နှမ်းတင်ပို့နိုင်မှုများကတော့ နှမ်းဖြူ ၁၂၅ တန်၊ နှမ်းနက် ၆၈၈ တန်နဲ့ နှမ်းအခွံချွတ် ၂ဝ၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၄၁၁ သန်းဖိုး တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။နှမ်းတင်ပို့မှုဟာ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် တန်ချိန် ၁၅ဝဝ နီးပါး လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှ အောက်တိုဘာလထိ နယ်စပ်စခန်းများမှ နှမ်းရောင်စုံ ၃၃၃၄ဝ တန်ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံးအနေနဲ့ကတော့ နှမ်းဖြူ တန် ၂၉၄ဝ၊ နှမ်းနက် တန် ၆၃၆ဝနဲ့ နှမ်းအခွံချွတ် ၈၅၃ တန် စုစုပေါင်း နှမ်းရောင်စုံ တန်ချိန် ၁ဝ၁၅၃ တန် တင်ပို့ထားပြီး ဖြစ်ပါတယ်။ မူဆယ်နဲ့ ရွှေလီနယ်စပ် နှမ်းပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -                                          မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု      ယခင်        ပြောင်းလဲမှု        %          ယခု       ယခင်   ပြောင်းလဲမှု       %နှမ်းဖြူ    ၁၁၆၉ဝဝဝ      ၁၁၇၇ဝဝ၈      ၈ဝဝ၈       ဝ .၇       ၁၂၂၅      ၁၃ဝ၂          ၇၇           ၆နှမ်းနက်   ၁၃၈၄၄၈ဝ     ၁၃၈ဝ၄ဝ၈      ၄ဝ၇၂       ဝ .၃       ၁၅၂၄      ၁၅၂၇            ၃          ဝ .၂MIRT (DOBT)