Main menu

Background

ပြည်ဈေးကွက်တွင် နှမ်းဈေးအေး ဆီဈေးတက်

Mon, 11/15/2010 - 07:31 -- Anonymous (not verified)

 ပြည်ဈေးကွက်တွင် နှမ်းဈေးအေး ဆီဈေးတက်      ပြည်ဈေးကွက်တွင် မိုးနှမ်းများအဝင်ပါးနေသဖြင့် အရောင်းအဝယ် အေးလျက်ရှိပါတယ်။ တစ်နေ့ကို နှမ်းအိတ် ၇ဝဝ သာပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ဆီစက်သမားများမှလည်း အဝယ်ရှိနေလို့ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ နယ်နဲ့ သရက်မြို့နယ်တို့မှ ဝယ်ယူကြိတ်ခွဲလျက်ရှိပါတယ်။ ရန်ကုန် ဝယ်လက်များကတော့ အဝယ်နည်းနေကြောင်း သိရပါတယ်။ နှမ်းဈေးမှာ အတက်အကျမရှိဘဲ ဈေးအေးနေပါတယ်။ စမုံနက်နှမ်း ၄၅ ပိဿာ တစ်အိတ်ကို ၁၂ဝဝဝဝ ကျပ်နဲ့ နှမ်းနက် ရိုးရိုးထိပ်စ ၄၅ ပိဿာတစ်အိတ်ကို ၁ဝဝဝဝဝ ကျပ်နဲ့ အောက်စတစ်အိတ်ကို ၉၅ဝဝဝ ကျပ်ရှိပြီး၊ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၇၆ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်အတိုင်း ဈေးအေးနေသော်လည်း နှမ်းဆီတစ်ပိဿာကို အနိမ့်ဆုံး ၃ဝဝဝ ကျပ်နဲ့ အမြင့်ဆုံး ၃၁ဝဝ ကျပ်ထိ ဈေးတက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                                                                 ဝေဝေမင်း