Main menu

Background

ကုလားပဲဈေး အပြောင်းအလဲနည်း

Mon, 11/15/2010 - 07:38 -- Anonymous (not verified)

ကုလားပဲဈေး အပြောင်းအလဲနည်း       အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ်  ကုလားပဲဈေးက အပြောင်းအလဲနည်းပြီး ငြိမ်သလောက်ဖြစ်နေပါ တယ်။ အချို့ဈေးကွက်တွေမှာ လက်ကျန်လျော့နည်းလာပြီဖြစ်လို့ ဈေးမြင့်တက်ဦးမယ်လို့ ခန့်မှန်းသူတွေရှိသလို အချို့ဈေးကွက်လက်ကျန်ပမာဏများက ပဲအသစ်ဝင်ရောက်တဲ့ထိ လုံလောက်မယ်လို့ ခန့် မှန်းကြပါတယ်။ သြစတြေးလျနဲ့ ကနေဒါတို့မှာ ရာသီဥတု အခြေအနေမကောင်းခြင်းက ကုလားပဲဖြူလုံးကြီး အရည်အသွေးပျက်စီးမှု ရှိသလို အထွက်လည်းထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ပြည်တွင်း ပဲစိုက်တဲ့ အဓိကဒေသတွေမှာ ကုလားပဲစိုက်ပျိုးမှု တိုးတက်နေတဲ့ သတင်းများကတော့ ဈေးနှုန်းကို အကန့်အသတ် ဖြစ်စေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ဝယ်လိုအားကောင်းလာရင်တော့ ဈေးနှုန်းထပ်တက်နိုင်တယ်လို့ အချို့က ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကိုဇယား(၂)နဲ့ ဖော်ပြထားပါတယ်- ဇယား-၂                                                                                                     ဒေါ်လာ/တန် ဈေးကွက်          ၁၁ .၁၁ .၁ဝ              ၁ဝ .၁၁ .၁ဝ             ၉ .၁၁ .၁ဝ              ၈ .၁ဝ .၁ဝမွန်ဘိုင်း              ၅၇၆                       ၅၇၂-၅၇၄                ၅၇၄-၅၈ဝ                ၅၇၆ဒေလီ             ၅၄၂-၅၄၈                        ၅၄၁                   ၅၄၈-၅၅ဝ            ၅၄၇-၅၄၈ကန်ပါ               ၅၄၂                            ၅၄၁                    ၅၃၈-၅၄၁           ၅၃၈-၅၃၉