Main menu

Background

လယ်ယာလုပ်ငန်းကဏ္ဍ၏ ထုတ်ကုန်ပစ္စည်းနှုန်းထားများ တိုးမြင့်လာ

Mon, 11/15/2010 - 08:37 -- Anonymous (not verified)

 လယ်ယာလုပ်ငန်းကဏ္ဍ၏ ထုတ်ကုန်ပစ္စည်းနှုန်းထားများ တိုးမြင့်လာ         ၂ဝ၁ဝ စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်း မြို့ပြခရိုင်ပေါင်း ၃၆ ခုမှာ ဟင်းသီးဟင်းရွက်၊ ဆန်စပါး၊ စားသုံးဆီ၊ အသားငါးနဲ့ သစ်သီးစတဲ့ အမယ် ၃ဝ ခန့်ရဲ့ ကုန်ဈေးနှုန်းနဲ့ ဖြန့်ဖြူးရောင်းချမှုကို လေ့လာ စိစစ်ခဲ့ရာမှာ အမယ် ၂၄ မျိုးက ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ ဟင်းသီးဟင်းရွက် စားသုံးဆီ ပျှမ်းမျှတစ်တန်ကိုယွမ် ၉၅ဝဝ မှ ၉၆ဝဝ ထိလည်းကောင်း၊ ပဲဆီ တစ်တန် ကို ယွမ် ၈၉ဝဝ မှ ၉၅ဝဝ သို့လည်းကောင်း တိုးမြင့်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စားသုံးဆီသုံးစွဲမှု တန်ချိန် ၂၃ဝ ကျော်ရှိပြီး ရာခိုင်နှုန်း ၆ဝ ကျော်ကို ပြည်ပမှ ဝယ်ယူတင်သွင်းရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ စားသုံးဆီဝယ်ယူ စုဆောင်းမှု များတဲ့အတွက် ပြည်ပမှ ပဲတင်သွင်းမှုများဟာ အောက်တိုဘာလမှာ တင်သွင်းမှု ပိုမိုလာလျက်ရှိပါတယ်။        ကုန်ဈေးနှုန်းမြင့်တက်လာသော ၂၄ မယ်မှာ သခွားသီးနဲ့ဖရဲသီးနှုန်းထားဟာ အများဆုံးမြင့်တက်လျက် ရှိပြီး ၁ဝ ရာခိုင်နှုန်းကျော်နဲ့ ဆိတ်သားဈေးမြင့်တက်မှုနှုန်း မှာ ဝ ဒသမ ၇၇ ရာခိုင်နှုန်းရှိပြီး အနိမ့်ဆုံးမြင့်တက်တဲ့ အမယ်ဖြစ်ပါတယ်။ ယခုလို စားသုံးဆီအပါအဝင် ပစ္စည်းအမယ်များဈေးမြင့်လာရခြင်းဟာ ကမ္ဘာ့ပတ်ဝန်းကျင်ရဲ့ လယ်ယာကဏ္ဍရဲ့ ထုတ်ကုန်ပစ္စည်းနှုန်းထားများတိုးမြင့်လာတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။                                                                                             Source: ယူနန်ချွမ်းချိမ်ဝမ်ပေါင်သတင်းစာ၊                                                                                                                 သောင်းနိုင်