ခရမ်းချဉ်သီး ကျပ် ၆ သန်းကျော်ဖိုး တမူးနယ်စပ်မှ တင်ပို့နိုင် မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး နယ်စပ်ကုန်သွယ်ရေး စခန်းမှ လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့လျက် ရှိပါတယ်။ အောက်တိုဘာလ အတွင်းမှာ ခရမ်းချဉ်သီး ၂၄ တန်ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၆ ဒသမ ၆၈ သန်းကျော်ဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ ခရမ်းချဉ်သီး အပြင် အောက်တိုဘာလအတွင်း ကွမ်းသီးခြောက်၊ ကွမ်းသီးစို၊ ချင်းပဲ (ပဲယင်း)၊ အုန်းသီး၊ ပန်းသီး၊ ရေထွက်ကုန်၊ ငါးလေးခြောက်၊ ငါးမြစ်ချင်းနဲ့နမ့်ဖာလုံ အမယ်စုံများကို ကန်ဒေါ်လာ ၃၆၃၈၂ ဖိုးတင်ပို့နိုင်ခဲ့တယ် လို့ ကလေး-တမူး-ကလေးဝ နယ်စပ်ကုန်သည် အသင်းမှ သတင်း ရရှိပါတယ်။ Source:နကသ (တမူး) MIRT (DOBT)
Background