Main menu

Background

နယ်စပ်မှ ရော်ဘာအဆင့်စုံ တန်ချိန် ၈ဝဝ ကျော်တင်ပို့

Mon, 11/15/2010 - 09:01 -- Anonymous (not verified)

နယ်စပ်မှ ရော်ဘာအဆင့်စုံ တန်ချိန် ၈ဝဝ ကျော်တင်ပို့        နိုဝင်ဘာလ ၃ ရက်နေ့မှ ၉ ရက်ထိ ကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်နဲ့မြိတ်နယ်စပ်စခန်းများမှ ရော်ဘာ ၊၈၂၅ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၂ သန်းဖိုးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အရင်အပတ်ကထက် တန်ချိန် ၁၅ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မိမိဘက်ရော်ဘာပေါက်ဈေးဟာ ကျပ် ၉၁ဝဝ မှ ၉၅ဝဝ ထိ မြင့်တက်လျက် ရှိပြီး တစ်ဘက်နိုင်ငံ ယွမ်ဈေးကတော့ မပြောင်းလဲဘဲတည်ငြိမ်လျက်ရှိပါတယ်။ ငွေဈေးအတက်အကျ အပြောင်း အလဲကြောင့်သာ ဒေါ်လာဈေးအရ ၆ ဒေါ်လာခန့် ယခင်အပတ်ကထက် လျော့ကျတာတွေ့ရပါတယ်။ ကရင်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီးများက ထွက်ရှိတဲ့ ရော်ဘာများကို မြန်မာ-တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ တင်ပို့နေတာဖြစ်ပါတယ်။ ချင်းရွှေဟော်ဘက်မှာ မိမိဘက်ပေါက်ဈေးက ၂၇ဝဝဝဝဝ ကျပ်ရှိပြီးတစ်ဖက်နိုင်ငံပေါက်ဈေးကတော့ ယွမ် ၂၁ဝဝဝ ရှိပြီး မြိတ်ဘက်မှာတော့ မိမိဘက်ဈေးက ၂၈၇၈၇၅ဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံပေါက်ဈေးက ဒေါ်လာ ၃ဝဝ ဝန်းကျင် ရှိတယ်လို့သိရပါတယ်။ ယခုအပတ်မှာ မူဆယ်မှRSS (1)  ၅ တန်၊RSS (3)  ၄ဝ၂ တန်ခန့်၊ RSS (5)  တန် ၃ဝ၊ MSR (20)  ၁၃၈ တန် နဲ့ MSR (50 )  ၁၂၁ တန်၊ စုစုပေါင်း ၆၉၅ တန်ကျော်၊ ချင်းရွှေဟော်မှ RSS (3)  တန် ၃ဝ၊ မြိတ်မှ RSS (3)  တန် ၁ဝဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက် ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ရပါတယ် -                                    မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု             ယခင်      ပြောင်းလဲမှု   %        ယခု        ယခင်  ပြောင်းလဲမှု    %မူဆယ်RSS(3)     ၃၂၃၆၈ဝဝ      ၃၂၂၇၂၈ဝ      ၉၅၂ဝ     ဝ .၃      ၃၅၆၄      ၃၅၇ဝ      ၆           ဝ .၂RSS(5)     ၃၁ဝဝ၈ဝဝ       ၃ဝ၉၁၆၈ဝ     ၉၁၂ဝ     ဝ .၃      ၃၄၁၄       ၃၄၂ဝ      ၆           ဝ .၂MIRT (DOBT)