Main menu

Background

ဗီယက်နမ်မှ လာအိုရော်ဘာစိုက်ပျိုးရေးအတွက် ကူညီမည်

Mon, 11/15/2010 - 09:10 -- Anonymous (not verified)

ဗီယက်နမ်မှ လာအိုရော်ဘာစိုက်ပျိုးရေးအတွက် ကူညီမည်          အိမ်နီးချင်းလာအိုနိုင်ငံရဲ့ စက်မှုကုန်ကြမ်းသီးနံှတွေစိုက်ပျိုးရေးမြှင့်တင်မှုအတွက် အထောက်အပံ့ပေးမှာ ဖြစ်ကြောင်း ဗီယက်နမ်ကပြောကြားခဲ့ပါတယ်။ ရော်ဘာနဲ့ အခြားသီးနံှတွေ စိုက်ပိုျးရေးစီမံကိန်းအတွက် ဒေါ်လာ (၃၈) သန်းအကုန်အကျခံပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်းသိရပါတယ်။ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာရေးထိုးပြီးစီမံကိန်း ဆောင်ရွက် မယ့် ဒေသမှာ နှစ်နိုင်ငံလုံးက လေ့လာရေး ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ မြေဧရိယာ ၉၉ဝဝ ဟက်တာကို အသုံးပြုမှာဖြစ်ပြီး ပတ်ဝန်းကျင်ပြုပြင်ပြောင်းလဲမှု၊ အလုပ်သမားသုံးစွဲမှုနဲ့ ရော်ဘာစေးကြိတ်ခွဲ ထုတ်လုပ်မှုတွေကို ဆောင်ရွက် ကြမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ Source:Commodity online, KZW