Main menu

Background

ပြောင်းတင်ပို့မှု စဉ်ဆက်မပြတ်

Mon, 11/15/2010 - 09:20 -- Anonymous (not verified)

ပြောင်းတင်ပို့မှု စဉ်ဆက်မပြတ်      နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၃၇၈ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၉၄ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၄၇၇ တန်တင်ပို့ခဲ့တာကြောင့် ၁ဝ၉၉ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့မှုလျော့နည်းသွားပေမဲ့ ယခင်လများနဲ့ နှိုင်းယှဉ် ရင် စဉ်ဆက်မပြတ် တင်ပို့နိုင်တာတွေရှိရပါတယ်။ တင်ပို့တဲ့နိုင်ငံများက တော့ တရုတ်ကို ၄၂ တန်နဲ့ စင်ကာပူကို ၃၃၆ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ် ကြောင်းသတင်းရရှိပါတယ်။                                                                                                                                           KZW