Main menu

Background

အိန္ဒိယနိုင်ငံက မကြာမီ သကြားတန်ချိန် ၂ သန်းတင်ပို့သွားနိုင်

Mon, 11/15/2010 - 09:32 -- Anonymous (not verified)

 အိန္ဒိယနိုင်ငံက မကြာမီ သကြားတန်ချိန် ၂ သန်းတင်ပို့သွားနိုင်      ဘရာဇီးနိုင်ငံမှာ အထွက်လျော့ကျဖွယ်ရှိတဲ့အတွက် မြင့်တက်နေတဲ့ ကမ္ဘာ့ ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ဖို့ မကြာမီ အိန္ဒိယက သကြားတင်ပို့ ခွင့်ပြုဖွယ်ရှိတယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ သကြားတင်ပို့မှု ပိတ်ပင် ထားခြင်းကို ဖယ်ရှားဖွယ်ရှိပြီး Open General Licence (OGL)  အရ သကြားတန်ချိန် ၂ သန်း တင်ပို့ သွားနိုင်တယ်လို့ အိန္ဒိယသကြားစက် လုပ်ငန်း ရှင်များအသင်းက ပြောကြားပါတယ်။        ရာသီဥတုဆိုးဝါးတာကြောင့် ပါကစ္စတန်၊ အင်ဒိုနီးရှားနဲ့ ရုရှားတို့လို နိုင်ငံတွေမှာ သကြားထုတ်လုပ်မှု ထိခိုက်ခဲ့ပါတယ်။ ကမ္ဘာမှာ အများဆုံးထုတ်လုပ်တဲ့ ဘရာဇီးကလည်း ရာသီဥတုဆိုးဝါးမှုကြောင့် ယခုရာသီအတွင်း ခန့်မှန်းထုတ်လုပ်မှု ထက် လျော့ကျမယ်လို့ ဆိုပါတယ်။       နယူးယောက်မှာ မေလ ၇ ရက်က သကြားကြိုပွိုင့်တစ်ပေါင်ကို အခြေခံ ဈေး ကန်ဒေါ်လာ ၁၃ ဆင့်ရှိခဲ့ရာမှ ဘရာဇီးကရောင်းချမှုနည်းခြင်းနဲ့ အိန္ဒိယရဲ့ မသေချာတဲ့ တင်ပို့မှုအခြေအနေတွေကြောင့် နိုဝင်ဘာလ ၉ ရက်နေ့မှာ ၁၅ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကြံနဲ့ သကြားထုတ်လုပ်မှုဟာ ပုံမှန် အားဖြင့် ၆ နှစ်မှ ၈ နှစ်တစ်ကြိမ် ပြောင်းလဲမှုရှိနေပါတယ်။ ၂ဝဝ၇-၂ဝဝ၈ နဲ့ ၂ဝဝ၈-၂ဝဝ၉ ၂ နှစ်ဆက်တိုက် သကြားထုတ်လုပ်မှုကျဆင်းခဲ့ပြီးနောက် ၂ဝဝ၉- ၂ဝ၁ဝ မှာ ထုတ်လုပ်မှု မြင့်တက်ခဲ့သလို လာမယ့် ၂ဝ၁ဝ-၂ဝ၁၁ မှာလည်း တိုးမြှင့် ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ မှာ စိုက်ဧရိယာရော အထွက်နှုန်းပါ တိုးတက်မယ်လို့ မျှော်လင့်ထားလို့ အိန္ဒိယနိုင်ငံရဲ့ သကြားစုစုပေါင်း ထုတ်လုပ်မှုဟာ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်ထက် ၂၇ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၂၄ ဒသမ ၇ သန်း ထွက်ရှိမယ်လို့ ဆိုပါတယ်။                                                                                                ယမင်းခင်၊ှSources: commodityonline