Main menu

Background

ငါးရှဉ့် ၁ တန် ပျမ်းမျှဒေါ်လာ ၂၅ဝဝ ခန့်ရရှိနေ

Mon, 11/15/2010 - 09:39 -- Anonymous (not verified)

 ငါးရှဉ့် ၁ တန် ပျမ်းမျှဒေါ်လာ ၂၅ဝဝ ခန့်ရရှိနေ      မြန်မာနိုင်ငံက ဖမ်းဆီးရရှိသည့် ငါးရှဉ့်များကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိရာ ယခုနှစ်အတွင်း ငါးရှဉ့် ၁ တန်လျှင် ပျမ်းမျှဒေါ်လာ ၂၅ဝဝ ခန့် ရရှိနေကြောင်း ငါးရှဉ့်လုပ် ငန်းရှင်များ အသင်းမှ သိရသည်။     '' ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ဆန်းပိုင်းမှာ ရတဲ့ဝင်ငွေပမာဏဟာ ယခင် (၂ဝဝ၉-၂ဝ၁ဝ )ဘဏ္ဍာနှစ်ရဲ့ ဇန်နဝါရီလမှာ ရတဲ့ပမာဏနဲ့ တူညီနေ တာကြောင့် ငါးရှဉ့်တင်ပို့မှုက ရရှိငွေ ဒေါ်လာ ၁၅ သန်းဟာ ယခင်နှစ် ကထက် ၂ လခန့်စောပြီး ရထားပြီး ဖြစ်ပါတယ်။ မန္တလေးစစ်ဆေးရေး Check Point  ကနေ ငါးရှဉ့်ကား ၃- ၄ စီး မူဆယ်(၁ဝ၅)မိုင် နယ်စပ် ကုန် သွယ်ရေးစခန်းကို ပုံမှန်တင်ပို့ ရောင်းချနေပါတယ်။ ဒီနှစ်မှာ ငါးရှဉ့်တစ်တန် ကို ပျမ်းမျှဒေါ်လာ ၂၅ဝဝ ဝန်းကျင် ရရှိခဲ့ပြီး မနှစ်က ဒေါ်လာ ၁၈ဝဝ ခန့်ပဲ ရရှိခဲ့တာကြောင့် ဒီနှစ်က ယခင်နှစ် ကထက် ကုန်တက်နည်းပေမယ့် အမေ ရိကန်ဒေါ်လာ ရရှိမှု ပိုမိုရရှိထားပါ တယ် '' ဟု ယင်းအသင်း၏ ဥက္ကဌ ဦးဘသော် က ပြောကြားသည်။     ၂ဝ၁ဝ ခုနှစ်အောက်တိုဘာလ ၃၁ ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းက ဒေါ်လာ ၁၄ ဒသမ ၆၃၁ သန်း၊ မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းက ဒေါ်လာ ဝ ဒသမ ဝ၃၇ သန်း၊ လေကြောင်းလိုင်း ဖြင့် တင်ပို့မှုက ဒေါ်လာ ဝ ဒသမ ဝ၅၆ သန်း၊ စုစုပေါင်းဒေါ်လာ ၁၄ ဒသမ ၇၂၄ သန်း ရရှိထားပြီးဖြစ်သည်။ ခင်မျိုးသွယ်