ပွင့်လင်းရာသီအစ တန်ဆာခနှုန်းထားများ အနည်းငယ်မြင့်တက် အရေးပါတဲ့ ပို့ဆောင်ရေးကဏ္ဍမှာ ပုသိမ်မြို့ရဲ့ တန်ဆာခနှုန်းထားများအနေနဲ့ ယခင်လ ဆန်တစ်အိတ် ၃၇၅ကျပ်၊ ၄ဝဝ ကျပ်မှ ယခု ၄ဝဝ ကျပ်ဈေးနှုန်း အနည်းငယ် မြင့်တက်နေပါတယ်။ စက်သုံးဆီဈေးမှာ ကုမ္ပဏီမှ ဈေးနှုန်းတူညီစွာ ရောင်းချ နေမှုကြောင့် ထူးခြားစွာ ဈေးနှုန်းမြင့်တက်မှုမရှိသော်လည်း ကောက်စောစပါးများ ပေါ်ချိန် ဆန်သစ်၊ ကောက်ညှင်း၊ ဆန် လက်ကျန်အဟောင်းများကို ယခင်လထက် ရန်ကုန်သို့ပိုမိုတင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ယခင်လ တစ်ရက်ကို ကုန်ကား အထွက် ခုနစ်စီး၊ ရှစ်စီးခန့်သာ အထွက်ရှိသော်လည်း ယခုအချိန် နေ့စဉ် ၁၅ စီး၊ ၂ဝ စီးခန့်အထွက်ရှိကြောင်း သိရပါတယ်။ မိုးတွင်းကုန်ရှားပါးချိန် တန်ဆာခနှုန်းထား များ ကျဆင်းမှုရှိသော်လည်း ပွင့်လင်းရာသီ ဒေသထွက်ကုန် ဆန်၊ ဆန်ထွက်၊ ပဲ၊ ငါးပိ၊ ငါးခြောက်၊ အုန်းသား၊ ဆား၊ ရာသီကုန်လှိုင်လာချိန်တွင် တန်ဆာခနှုန်းထား များ မြင့်တက်နိုင်တယ်လို့ ကုန်ကားဂိတ်များက ဆိုပါတယ်။ မင်းမင်းဦး
Background