MAIမှ လေးစင်းမြောက် လေယာဉ်သစ်တစ်စင်း ထပ်မံဝယ်ရန်စီစဉ် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI အနေဖြင့် လေယာဉ်သစ်တစ်စင်းကို ထပ်မံဝယ်ယူရန် စီစဉ် လျက်ရှိကြောင်းသိရသည်။ MAI သည် လေယာဉ်သစ်များကို ဝယ်ယူလျက်ရှိရာ အောက်တိုဘာလအတွင်း Air Bus A-320 လေယာဉ် တစ်စင်းရောက်ရှိခဲ့ပြီး အသစ်ထပ်မံဝယ်ယူသည့်လေယာဉ်သည် ဒီဇင်ဘာလအတွင်းရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ '' လေယာဉ်သစ်တွေ ဝယ်ယူနေသလို ခရီးစဉ်သစ်တွေလဲစီစဉ်နေပါတယ်''ဟု MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ MAI လေကြောင်းလိုင်းတွင် ကိုယ်ပိုင်လေယာဉ်သုံးစင်းရှိပြီး အသစ်ထပ်မံဝယ်ယူထားသည့် လေယာဉ် သည် Air Bus A-321 လေယာဉ်အမိုျးအစားဖြစ်ကာ ခရီးသည် ၂ဝဝ ကျော်လိုက်ပါနိုင်ကြောင်း၊ MAI လေကြောင်းလိုင်း သည် လက်ရှိတွင် ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူ၊ မလေးရှားနိုင်ငံသို့ ပံျသန်းနေသည့်အပြင် ဗုဒ္ဓဂါယာနှင့်ဆော်ဒီအာရေဗျ နိုင်ငံတို့သို့ အခါအားလျော်စွာ ပြေးဆွဲနေကြောင်း၊ ခရီးစဉ်သစ်များအနေဖြင့် အာဆီယံဒေသတွင်းနိုင်ငံများသို့ တိုးခဲျ့ပံျသန်း ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ ကိုဖြိုး
Background