ကားဈေး ကျဆင်းနေသော်လည်း အရောင်းအဝယ် ခပ်နည်းနည်းသာရှိနေ သီတင်းကျွတ်ပွဲတော်အပြီး ရန်ကုန်မြို့ရှိ ကားပွဲစားတန်းများတွင် လူပြန်စည် ကားလာသော်လည်းအရောင်း အဝယ်မှာမူ များများစားစားမရှိဘဲ တစ်စီးတစ်လေ သာဖြစ်ကာ သိန်း ၅ဝဝ အထက် တန်ဖိုးရှိ လိုင်စင်သစ်ရ ယာဉ်အချင်းချင်း အလဲ အထပ်လုပ်လာကြကြောင်း သိရသည်။ တစ်စီးတစ်လေ အရောင်းအဝယ်ဖြစ်သည့်ကားများမှာလည်း အပေါ်ကား သန့်ပြီး လက်ရှိဈေးကွက်ပေါက်ဈေးထက် လျှော့ရောင်းပေးမှသာ ဝယ်ကြကြောင်း ယခုတလော အလဲအထပ်သာများလာကြောင်း အပေါ်ဝိုင်း ဝါရင့်အကိုျးဆောင် ကိုမြင့်ကျော်မှပြောသည်။ အပေါ်ဝိုင်းထဲရှိ လူစည်ကားရာ မျက်နှာစာတန်းများ တွင် လိုင်စင်သစ်ရ၊ အက္ခရာတန်း ၄ဂ/၅ဂ ပေါက်ကားများ၊ ပုံဆန်းကားသန့်များ နေရာယူထားကြပြီး ဈေးကွက်တွင်ရှိနှင့်ပြီး ဂျပန်ကားဟောင်းများမှာ အပေါ်ဝိုင်း အတွင်းရှိ အတွင်းလမ်းများတွင် ထိုးလာကြကြောင်း၊ အဆိုပါကားများ အရောင်းအဝယ်ဖြစ်သည်မှာ ပိုနည်းပြီး တစ်စီးတစ်လေဖြစ်သည့်ကားများမှာလည်း သန့်ပြီး ဈေးတန်သည့်ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း၊ လတ်တလော အက်(စ်) အီးလီမိတက် (၉၂) ခုနှစ်ထုတ်ပုံစံ အက္ခရာ ၅က(ဓာတ်ဆီ) အား သိန်း ၂၆ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ယခင်လကပြုလုပ်ပြီးသွားသည့် လေလံပွဲမှကားများမှာ ဝိုင်းထဲသို့ အရောက် နည်းပြီး ယင်းသို့ဖြစ်ရသည်မှာ ဈေးမကိုက်သဖြင့် အဆွဲနည်း၍ဖြစ်ကြောင်း၊ အဝယ် သမားများမှာလည်း အခြားလေလံကားထက် အခွန်ဆောင်ပြီး လိုင်စင်သစ်ယူ ထားသည့် ကားသန့်များသာ စိတ်ဝင်စားကြကြောင်း သိရသည်။ သို့ရာတွင် ယခုလတ်တလော လူစီးများလာသည်မှာ စက်မှုဇုန်ထုတ် လူ ၇ဦး/ ၈ဦးဆံ့ (အမ်ပီဗီယာဉ်) ဟိုက်အေ(စ့်)စူပါကပ် စတန်ယာဉ်များပင်ဖြစ်ပြီး ယခုမှ ကားဝယ်ရန်စီစဉ်သူများမှာ မိသားစုကျယ်ကျယ်ပြန့်ပြန့်စီးနင်းနိုင်သော ၎င်း ယာဉ်များအား ရွေးချယ်ကြပြီး ဈေးနှုန်းမှာလည်း ၂ဝဝ ကျော် ၃ဝဝ ဝန်းကျင်ခန့်သာ ရှိပြီး ကားအသစ် စီးနင်းရသောကြောင့်ဖြစ်ကြောင်း သိရသည်။ SN
Background