ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများရှိ အိမ်ခြံမြေ အရောင်းလုံးဝနီးပါးမရှိ ရန်ကုန်မြို့၏ အဓိကလမ်းမကြီး များ၏အိမ်ခြံမြေများသည် အရောင်း မရှိဘဲ ဈေးနှုန်းများမှာ အဆမတန် မြှင့်ထားကြကြောင်းသိရသည်။ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများ ဖြစ်သည့် ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်-အင်းစိန်လမ်း၊ ပြည်လမ်း စသည့်တို့တွင် လမ်းမတန်း အိမ်ခြံ မြေများသည် ရောင်းချလိုခြင်းမရှိကြ သည့်အတွက် ခေါ်ဈေးနှုန်းများကို မြှင့်တင်ထားကြကြောင်း သိရသည်။ ''အကွက်ကောင်းပြီးအလားအလာရှိတဲ့ အိမ်ခြံမြေတွေဆိုရင် ရင်းနှီးမြုပ်နံှတဲ့သူတိုင်းက ရောင်းချလိုခြင်းမရှိကြတော့ ခေါ်ဈေးတွေမြှင့်ထားကြတယ်''ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောကြားသည်။ ထိုသို့ ခေါ်ဈေးနှုန်းများမြှင့်တင်ထား ရခြင်းမှာ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြူပ်နံှမှုများကြောင့် အိမ်ခြံမြေဈေးနှုန်းများ အထက်ပိုင်းတွင်သာ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေးအရ အချက်အချာကျသည့် မြို့တွင်းအဓိက လမ်းမကြီးများဖြစ်သည့် အနော်ရထာလမ်း၊ ဗိုလ်ခုျပ်လမ်း၊ မဟာဗန္ဓုုလလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းတို့ရှိ မြေကွက်၊ ကွန်ဒို၊ တိုက်ခန်းများသည်လည်း အလားအလာကောင်းများရှိနေသဖြင့် မဖြစ်မနေမှလွဲ၍ ရောင်းချခြင်း မပြုလုပ်ကြကြောင်း သိရသည်။ ''မြို့တွင်းမှာက ကုမ္ပဏီရုံးခန်းတွေ ဖွင့်လှစ်ဖို့စိတ်ဝင်စားကြတယ်။ ဆိပ်ကမ်းတွေနဲ့နီးတဲ့ နေရာတွေပိုပြီး အလားအလာကောင်းတယ်''ဟု ၎င်းကဆက်လက်ပြောကြားသည်။ ထိုသို့ အိမ်ခြံမြေဈေးကွက်သည် အလားအလာကောင်းများ ရှိနေသဖြင့် အခြားဈေးကွက်များဖြစ်သည့် ကားနှင့် ရွှေဈေးကွက်များသာမက ကျောက်လုပ်ငန်းရှင်များပါ ဝင်ရောက် ရင်းနှီးမြှုပ်နံှလာကြကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နံှလာကြခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများသည် မြင့်တက်နေရခြင်းဖြစ်ပြီး ၎င်းနှင့်ဆက်စပ်၍စက်မှုဇုန်မြေကွက်များပါ လိုက်ပါမြင့်တက်နေကြကြောင်း၊ စက်မှုဇုန်များတွင် လှိုင်သာယာစက်မှုဇုန်သည် စက်ရုံအလုပ်ရုံများ၏ လိုအပ်ချက်များနှင့်ကိုက်ညီသည့်အပြင် ပြည်ပရင်းနှီးမြူပ်နံှသူများအတွက် အရေးကြီးသည့် လုပ်သား ပေါများခြင်းကြောင့် အလားအလာကောင်းများရှိနေကြောင်း သိရသည်။ ကိုဖြိုး
Background