Main menu

Background

ဆောင်းရာသီအအေးဓာတ်နဲ့အတူ အေးစက်ခဲ့သည့် မန်းမြေကွက်အချို့ ကထိန်ရာသီနှင့်အတူ တက်ဈေးများဖြစ်ပေါ်

Mon, 11/15/2010 - 10:49 -- Anonymous (not verified)

  ဆောင်းရာသီအအေးဓာတ်နဲ့အတူ အေးစက်ခဲ့သည့် မန်းမြေကွက်အချို့ ကထိန်ရာသီနှင့်အတူ တက်ဈေးများဖြစ်ပေါ်      မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်းနှင့် ၇၃ လမ်းကြား၊ ဟုမ်ပန်း လမ်း(ငုရွှေဝါ)လမ်းပေါ်ရှိ မြေကွက်များ မှာ ယခင်ဈေးအေးပြီး အရောင်းအဝယ် အေးခဲ့ရာမှ နိုဝင်ဘာလဒုတိယပတ်တွင် တက်ဈေးများဖြစ်ပေါ်ပြီး အဝယ်ဆင်း လျက်ရှိကြောင်း သိရပါတယ်။      ''၆၈ လမ်းနှင့် ၇၃ လမ်းကြား၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြားမှာ အမျိုးသားအားကစားဥယျာဉ် စီမံကိန်း (မန္တလေး)ကိုတည်ဆောက်ဖို့ အကောင် အထည်ဖော်မှာဖြစ်တဲ့အတွက် ငုရွှေဝါ လမ်းပေါ်က မြေကွက်တွေ ဈေးတက် လာခဲ့တာ။ ဈေးကွက်အရ တက်ရိပ်ရှိတဲ့ အတွက် ရောင်းမယ့်သူက မရောင်းကြသေးဘူး။ ဝယ်မယ့်ကုန်သည်ရှိပေမဲ့ ရောင်းမယ့်သူမရှိလို့ အရောင်းအဝယ် အေးနေတယ်။ နိုဝင်ဘာ ၄ ရက်နေ့က ၄ ကွက်တွဲကို သိန်း ၆ဝဝဝ ကျပ်နဲ့ ဝယ်ခဲ့တာကို ရောင်းတဲ့သူက သိန်း ၇ဝဝဝ ကျပ်နဲ့ပြန်ဝယ်တာတောင် ဝယ်တဲ့သူက ပြန်မရောင်းတော့ဘူး။ ခုနောက်ပိုင်း အရောင်းအဝယ်ဖြစ်ခဲ့ ရင်လည်း ခေါ်တဲ့ဈေးဖြစ်မှာပဲ'' လို့ မန္တလေးမြို့သစ်ရှိ မြေအကျိုးဆောင် လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ ယခင်အေးစက်လျက်ရှိတဲ့ ချမ်းမြ သာစည်မြို့သစ်၊ သဲဖြူကုန်းရပ် ''ဆ'' ရပ်ကွက်များမှ မြေကွက်များမှာ ငုရွှေဝါလမ်းပေါ်၊ ၆၈ လမ်းနဲ့ ၇၃ လမ်းကြား''ဆ-၁''၊ ''ဆ-၂'' တွင် ပေ ၄ဝx၆ဝ တစ်ကွက်လျှင် သိန်း ၁၂ဝဝ ကျပ် ဈေး ရှိခဲ့ရာမှ လတ်တလောတွင် သိန်း ၁၉ဝဝ ကျော်နဲ့အထက်ရှိပြီး အရောင်းပါး ကြောင်းသိရပါတယ်။ ကြားကွက်များမှာ သိန်း ၅ဝဝ ကျပ်ဝန်းကျင်ရှိပြီး၊ လူ ကြိုက်နည်း၍ ဈေးအေးလျက်ရှိပြီး၊ မနော်ဟရီလမ်းနဲ့နီးတဲ့ ''ဆ'' အကွက် များမှာ ဈေးပိုကြောင်း သိရပါတယ်။ မန္တလေးမြို့သစ်ရှိ အချို့မြေကွက်များမှာ ခရစ္စမတ်ပွဲတော်အပြီးတွင် အရောင်း အဝယ်ဖြစ်လိမ့်မယ်လို့ မန္တလေး မြေ အကျိုးဆောင်များထံက သိရပါတယ်။                                                                                                               ဇူးဇူး