Main menu

Background

ရှမ်းချင်းသစ်များ ဈေးကွက်ဝင်

Mon, 11/15/2010 - 11:13 -- Anonymous (not verified)

ရှမ်းချင်းသစ်များ ဈေးကွက်ဝင်               အောင်ပန်းဈေးကွက် ချင်းသစ်ဈေးက တဖြည်းဖြည်းတက်နေပါတယ်။ ချင်းဟောင်းတွေ ကုန်သလောက်ဖြစ်သွားပြီး၊ ချင်းအသစ်တွေသာ ဈေးကွက်ကို ဝင်နေပါတယ်။ အောင်ပန်းဒေသတစ်ဝိုက်က ရွာတွေကနေ အဝင်များနေပြီး အောင်ပန်းဈေးဖိတ်နေ့နဲ့ ပင်းတယဈေးနေ့တွေမှာဆိုရင် အဝင်ပိုများတယ်လို့ သိရပါတယ်။ အဲဒီရက်တွေမှာဆိုရင် တစ်ရက်ထဲကို ပိဿာချိန် ၅ သောင်းနဲ့ ၁ သိန်းကြား ဝင်နေပြီး ကြားရက်တွေမှာတော့ ၅ ထောင်၊ ၁ သောင်းခန့်သာ ဝင်ပါတယ်။ ချင်းသစ်တွေက နုရင်အလေးချိန် သိပ်မစီးတာကြောင့် အနုတွေ ထားပြီး အရင့်တွေသာ ဖော်နေတယ်လို့ သိရပါတယ်။ ဈေးနှုန်းကလည်း သိပ်မငြိမ် သေးပါဘူး။ အဝင်နည်းရင် ဈေးတက်လာပြီး အဝင်များလာရင်လည်း ဈေးကကျ လာပါတယ်။ ပြည်တွင်းသုံးအတွက် မကွေး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ပဲနွယ် ကုန်း၊ မန္တလေးစတဲ့ မြို့တွေက ဝယ်ယူနေကြပါတယ်။ ချင်းအသစ်တွေ ရင့်မဲ့ အချိန်ဖြစ်တဲ့ ဇန်နဝါရီလမှာတော့ ဈေးကွက်ကို လှိုင်လှိုင်ဝင်လာတော့မယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်ချင်းစို ဈေးက တစ်ပိဿာ ၉ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက်ဈေးကတော့ ၃ဝဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်ဈေးက အနည်းငယ်တက်လာပြီး တစ်ပိဿာ ၂၈ဝဝ ကျပ်ဈေးရှိပါတယ်။                                                                    ဧဧခိုင်