Main menu

Background

နယ်စပ်မှ ပရဆေးကုန်ကြမ်း ကျပ် ၂၅ သန်းကျော်ဖိုး တင်သွင်း

Mon, 11/15/2010 - 11:16 -- Anonymous (not verified)

 နယ်စပ်မှ ပရဆေးကုန်ကြမ်း ကျပ် ၂၅ သန်းကျော်ဖိုး တင်သွင်း      မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရဆေး ကုန်ကြမ်းတန်ချိန် ၈ တန်ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၂၅ သန်းကျော်ဖိုး အောက်တိုဘာလအတွင်းမှာ တင်သွင်းနိုင်ခဲ့ပါတယ်။ ပမာဏအားဖြင့် တောင်လုံးကျော် အများဆုံးတင်သွင်းခဲ့ပြီး ဆောင်မေခါးတင်သွင်းမှုက အနည်းဆုံး ဖြစ်ပါတယ်။ အောက်တိုဘာလမှ တင်သွင်းခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ တောင်လုံး ကျော်၊ ဇီယာ၊ ဆောင်မေခါးနဲ့ မင်သော်တို့ဖြစ်ပါတယ်။ ပရဆေးတစ်မယ်ချင်း တင်သွင်းမှု တန်ချိန်နဲ့တန်ဖိုးကို ဖော်ပြပေးလိုက်ပါတယ်                                တန်ချိန်                      တန်ဖိုး(ကျပ်)တောင်လုံးကျော်        ၃ ဒသမ၄ဝ                     ၆၈ဝဝဝဝဇီယာ                     ၁ ဒသမ ၈ဝ                   ၂၉၈၈ဝဝဝဆောင်မေခါး            ဝ ဒသမ ၄ဝ                   ၅၉၂၂ဝဝဝမင်သော်                ၁ ဒသမ ၆ဝ                    ၁၅၆၈ဝဝဝဝအနီးစပ်ဆုံးကာလဖြစ်တဲ့ စက်တင်ဘာလမှာ တောင်လုံးကျော်နဲ့ ရှိန်းခို ၂၂ တန်ကျော်တင်သွင်းခဲ့ ပြီး တန်ဖိုးအားဖြင့် ကျပ် ၆ ဒသမ ၇၈ သန်းရှိပြီး ယမန်နှစ်ကာလတူမှာ ဇီယာ၊ ရှိန်းခို၊ မင်းသော်နဲ့ ဇာတိဖ္ပိုလ်သီး ၁ဝ တန်ကျော် တန်ဖိုးအားဖြင့် ကျပ် ၄၄ ဒသမ ၈၃ သန်းကျော်ဖိုး တင်သွင်းခဲ့တဲ့အတွက် ဒီနှစ် အောက်တိုဘာမှာ ယမန်နှစ်ကာလတူထက် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။                                                          Source:  နကသ (တမူး)၊  DOBT (MIRT)