ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ လိုအပ်ကြောင်း Microsoft Thailand ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူMr. Dhanawat Suthumpun က အကြံပြု ပြောကြား
အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား လက်ရှိ ကုန်သွယ်ရေး-နည်းပညာ ပဋိပက္ခများကြားမှ အခွင့်အလမ်းများကို ရယူနိုင်ရန်၊ထုတ် လုပ်မှု၊ ယှဉ်ပြိုင်မှုနှင့် ဆွဲဆောင်နိုင်မှုတို့ တိုးမြှင့်ရန်အတွက် ထိုင်း နိုင်ငံအနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် ပိုမိုပွင့်လင်းမြင်သာ မှုရှိရန် လိုအပ်ကြောင်း Microsoft Thailand ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ Mr. Dhanawat Suthumpunက အကြံပြု ပြောကြားခဲ့သည်။
အမေရိကန်နှင့်တရုတ်နိုင်ငံတို့အကြား နည်းပညာပဋိပက္ခ သည် ထိုင်းနိုင်ငံအတွက် အခွင့်အလမ်းများစွာကို သယ်ဆောင်လာ နိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် တည်နေရာအနေအထားအရ ကမ္ဘာ့ ထောက်ပံ့မှုကွင်းဆက်အတွက် ထုတ်လုပ်ရာနေရာဖြစ်နိုင်သော ကြောင့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် လက်ရှိထုတ်လုပ်လျက်ရှိသောMicrosoft’s Surface notebooks၏ ထုတ်လုပ်မှုကို ထိုင်းနိုင်ငံတွင် တိုးချဲ့သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နည်းပညာများကို လက်ခံရန်အတွက် အချက် (၃)ချက်ရှိ ကြောင်း၊ ပထမ တစ်ချက်မှာ နည်းပညာများကို ဖွင့်ပေးရမည်ဖြစ် ကြောင်း၊ ဆိုလိုသည်မှာ အရင်းအမြစ်များ၊ အချက်အလက်များ၊ Artificial Intelligence (AI))နှင့် ဗိသုကာပညာရပ်များအားလုံးကို ဖွင့်ပေးရန်ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ ယုံကြည်ရသောနည်းပညာ များဖြစ်ရန် လိုအပ်ကြောင်း၊ သို့မှသာ နည်းပညာလုံခြုံမှုဆိုင်ရာတွင် ပြဿနာများ မကြုံတွေ့နိုင်ကြောင်း၊ တတိယအချက်အနေဖြင့် နည်း ပညာကို အသုံးပြုနေသူမှသည် နည်းပညာတီထွင်သူဖြစ်နိုင်ရန် နည်း ပညာများအပေါ် လွှမ်းမိုးသင့်ကြောင်း၊ နည်းပညာများကို စီးပွားရေး နှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအပါအဝင် နယ်ပယ်စုံ တွင် အသုံးပြုရန် လိုအပ်ကြောင်း အကြုံပြုထားသည်။
ဒီဂျစ်တယ်အသုံးပြုသူ သန်း၁၀ဝရှိပြီး တည်နေရာ အနေ အထားအရ ဆွဲဆောင်မှုရှိသော အရှေ့တောင်အာရှသည် ကမ္ဘာ့ ရင်းနှီးမြှုပ်နှံသူများအတွက် စတင်မှတ်ဖြစ်နိုင်ကြောင်း၊ ထိုင်းနိုင်ငံ သည် စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့နှင့်နှိုင်းယှဉ်ပါက ရွေး ချယ်မှုတွင် ထိပ်ဆုံး၌ ရှိနေကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် လွယ်ကူသော၊ ပွင့်လင်းသော၊ လက်ခံနိုင်သော နိုင်ငံ ဖြစ်စေရေးအတွက် ချိန်ညှိရန် လိုအပ်ကြောင်းSEA Group ၏ မန်နေဂျင်း ဒါရိုက်တာဟောင်းဖြစ်သူMr. Santitarn Sathirathai က သုံးသပ်ထားသည်။
ထိုင်းနိုင်ငံ၏စီးပွားရေးပြောင်းလဲမှုများသည် အစိမ်းရောင်နှင့် ဒီဂျစ်တယ်နည်းပညာရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည်ဖြစ် ကြောင်း၊ ခရီးသွားကဏ္ဍတွင် အစိမ်းရောင်အယူအဆများသည် တိုး တက်မှု၏ ယန္တရားအသစ်ဖြစ်ကြောင်း၊ ဒီဂျစ်တယ် နည်းပညာများမှ တစ်ဆင့် အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏အစိမ်း ရောင်ထုတ်ကုန်များအတွက် ဈေးကွက်အသစ်များ ရှာဖွေနိုင်ကြောင်း ဖြည့်စွက်အကြံပြုထားသည်။
သီတာဝင်း(စီးပွားရေးသံမှူး)
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။
