Main menu

Background

ပစ္စည်းကောင်းနည်းလို့ ဈေးကောင်းတဲ့ ရှမ်းနနွင်း

Mon, 11/15/2010 - 11:27 -- Anonymous (not verified)

 ပစ္စည်းကောင်းနည်းလို့ ဈေးကောင်းတဲ့ ရှမ်းနနွင်း     စစ်တွေဝယ်လက်တွေ ဝယ်နေတာကြောင့် နနွင်းဈေးကလည်း ပြန်ပြီး လှုပ်လာပါတယ်။ ဝယ်လက်တွေကတော့ ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး၊ ကြိုက်ဈေး ပေးဝယ်နေပါတယ်၊ နနွင်းတက်အဓိကထွက်တဲ့ ပေါင်းလောင်း၊ ပင်လောင်းမှသာ လက်ကျန်တွေရှိတာကြောင့် ဝယ်လက်တွေကလည်း အဲဒီနေရာ အထိဆင်းပြီး ဝယ်နေတယ်လို့ သိရပါတယ်။ ပစ္စည်းကောင်းတွေနည်းသွားပြီး ဈေး ကလည်း ကောင်းနေတာကြောင့် နနွင်းခေါင်းတွေရောပြီး ရောင်းလာတယ်လို့ သိရ ပါတယ်။ နနွင်းအသစ်တွေက ဒီဇင်ဘာလလောက်မှသာ ဈေးကွက်ကို စပြီး ဝင်တော့မှာဖြစ်လို့ တောင်သူတွေကလည်း လက်ကျန်နနွင်းညံ့တွေကို နနွင်းသန့်နဲ့ ရောပြီး ရောင်းတာကြောင့် ဝယ်လက်တွေက အဝယ်ရပ်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။ အခုလောလောဆယ်မှာတော့ စစ်တွေဝယ်လက်တွေက နနွင်း သန့်တွေကို ရွေးပြီးဝယ်နေပါတယ်။ နနွင်း (သန့်) တစ်ပိဿာ ၃၂ဝဝ ကျပ်၊ နနွင်း (ညံ့) ၂၇ဝဝ ကျပ်၊ နနွင်းခါးက ၂၈ဝဝ ကျပ်နဲ့ နနွင်းခေါင်းကတော့ တစ်ပိဿာ ၁၅ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်း(သန့်) တစ်ပိဿာ ၃၅ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။                                                                                               ဧဧခိုင်