အဝယ်အေးပေမဲ့ အိန္ဒိယနနွင်းဈေး တည်ငြိမ်နေ အိန္ဒိယပြည်တွင်းဈေးကွက်မှာ နနွင်းအဝယ်အေးပေမဲ့ ဒေသကုန်သည်များရဲ့ လက်ကျန်နည်းလာပြီဖြစ်လို့ နနွင်းဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလ စာချုပ်အခြေခံဈေးကတော့ ယခင်ရက်က တစ်တန်ကို ကန်ဒေါ်လာ ၁၂၃၅ဝဝ (ကန်ဒေါ်လာ ၂၇၈၉)ဈေးရှိခဲ့ရာမှ ရူပီး ၁၂၄၅ဝဝ (ကန်ဒေါ်လာ ၂၈၁၁) ကိုမြင့်တက်ခဲ့ပါတယ်။ ယခင်နှစ် ဇန်နဝါရီလ နနွင်းအသစ်များ ဈေးကွက်ဝင်ရောက်ချိန်မှာ တစ်တန် ကို ရူပီး ၄၄ဝ၄ဝ (ကန်ဒေါ်လာ ၉၄၄) ဈေးနဲ့ ရောင်းချခဲ့ရာမှ နိုဝင်ဘာလမှာ ရူပီး ၁၄၂ဝ၇ဝ (ကန်ဒေါ်လာ ၃၂ဝ၈)ကိုမြင့်တက်ခဲ့ပါတယ်။ အဓိကအားဖြင့် ဝယ်လိုအားမြင့်တက်ပြီး အချို့ဒေသတွေမှာ နနွင်းအထွက်လျော့ကျတာကြောင့်လို့ ဆိုပါတယ်။ အီရော့ခရိုင်အတွင်းမှာ ၂ဝဝ၉ ခုနှစ်က နနွင်းဟက်တာ ၅၄၆ဝ စိုက်ပျိုး ခဲ့ရာမှ ၂ဝ၁ဝ မှာ ဟက်တာ ၁၃၄ဝဝ ထိ တိုးတက်စိုက်ပျိုးခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း တစ်အိတ်ကို ၆၅ ကီလို ပါရှိတဲ့ အိတ်ပေါင်း ၂ဝ သိန်းကို ဈေးကောင်းနဲ့ ရောင်းချခဲ့တဲ့အတွက် တောင်သူများ အကျိုးအမြတ်ရရှိခဲ့တယ်လို့ သိရပါတယ်။ အိတ်ပေါင်းသိန်း ၂ဝ (တန်ချိန် ၁၂ဝဝဝ နီးပါး)ရောင်းချခဲ့ပြီးဖြစ်တဲ့တိုင် တောင်သူများလက်ထဲမှာ အိတ်ပေါင်း ၄ သိန်း ဝန်းကျင် ကျန်ရှိသေးတယ်လို့ သိရပါတယ်။ ယခုရာသီမကုန်မီ ဒီဇင်ဘာလ ၁၅ ရက် ဝန်းကျင်မှာ အနည်းဆုံး အိတ်ပေါင်း ၃ သိန်းခန့် ရောင်းချဖွယ်ရှိပြိး ကျန် အိတ်ပေါင်း တစ်သိန်း ဝန်းကျင်ကတော့ လာမယ့်နှစ်စထိ ကျန်ရှိလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။ နီဇမ်မာဘတ် ဈေးကွက်ကို နနွင်းဝင်ရောက်မှု အိတ် ၅ဝဝ-၁ဝဝဝ ခန့်ရှိပြီး အီရော့ဈေးကွက်ကို အိတ် ၂ဝဝဝ-၃၅ဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ဟင်းခတ် အမွှေးအကြိုင်အဖွဲ့ရဲ့ နောက်ဆုံးစာရင်းအရ နနွင်းတင်ပို့မှုဟာ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၂၂၂၅ဝ ရှိပေမဲ့ ဝင်ငွေကတော့ ၉၁ ရာခိုင်နှုန်း မြင့်တက်ပြီး ရူပီး ၃ဝ၄ဝ၉ ဒသမ ၅၅ သိန်း (ကန်ဒေါ်လာ ၆၈၆ ဒသမ ၆၆) ရရှိ ခဲ့တယ်လို့ သိရပါတယ်။ ကမ်းရိုးတန်းဒေသတွေမှာ ဆိုင်ကလုံး ဝင်ရောက်မှုကြောင့် နနွင်းစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာသွန်းနိုင်လို့ နနွင်းစိုက်ပျိုးမှုကို ထိခိုက်နိုင်တယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSources: business line.com
Background