Main menu

Background

ပုံမှန်သွား မန်ကျည်းမှည့်

Tue, 11/16/2010 - 03:49 -- Anonymous (not verified)

ပုံမှန်သွား မန်ကျည်းမှည့်    စစ်တွေနယ်စပ်ကနေ အစေ့ ပါတဲ့ မန်ကျည်းသီးမှည့် ၃ တန်၊ ကန်ဒေါ်လာ ၁ဝ၈ဝ ဖိုး ယခုအပတ်မှာ တင် ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်များမှ လည်း စစ်တွေက သုံးတန်-သုံးတန် ပုံမှန် သွားနေတာတွေ့ရပါ တယ်။ မူဆယ်က ပို့မှသာ တင်ပို့တဲ့ပမာဏ များလေ့ရှိတာဖြစ်ပါတယ်။ ဧပြီလမှ အောက်တိုဘာလကုန်ထိ နယ်စပ်မှ မန်ကျည်းမှည့် တင်ပို့တဲ့ပမာဏဟာ တန်ချိန် ၃၁ဝ ခန့်သာရှိပါတယ်။ စစ်တွေနယ်စပ်မှာ မန်ကျည်းမှည့် တစ်တန်ကို ၃၇၉၄၄ဝ ကျပ်ဈေး ပေါက်ပြီး တစ်ဘက်နိုင်ငံဈေးက ၃၃၅ဝဝ တာကာ ( ဒေါ်လာ ၄၇ဝ ) ဝန်းကျင်ခန့် ဈေးပေါက်လျက် ရှိပါတယ်။                                       တင်တင်ထွန်း (MIRT )