Main menu

Background

ရခိုင်သို့ပို့တဲ့ ပြည်ဒေသထွက် မန်ကျည်းမှည့်

Tue, 11/16/2010 - 03:52 -- Anonymous (not verified)

ရခိုင်သို့ပို့တဲ့ ပြည်ဒေသထွက် မန်ကျည်းမှည့်   ပဲခူးတိုင်းဒေသကြီး အနောက် ပိုင်းရဲ့ ထွက်ကုန်တစ်ခုဖြစ်တဲ့ မန်ကျည်းသီးမှည့်ဟာ ယခုအချိန်မှာ လက်ကျန် နည်းနေပြီး အသစ်မပေါ်သေးမီ ကာလတွင် မန်ကျည်းသီးမှည့်များ ရှားပါးလာပြီး ဈေးနှုန်းများမှာလည်း အတက်ဘက်ကို ဦးတည်နေပါတယ်။ ယခင်ပေါ်စ တစ်ပိဿာကို ၄ဝဝ-၅ဝဝ ကျပ်မှ ယခုလက်ကျန် နည်းသွားတဲ့ အချိန်မှာ တစ်ပိဿာကို ၁၂ဝဝ ကျပ်- ၁၅ဝဝ ကျပ်ထိ အရောင်းအဝယ်ဖြစ်နေ ပါတယ်။      ဒေသထွက် မန်ကျည်းသီး မှည့် များကို ပန်းတောင်းမြို့နယ်မှတစ်ဆင့် ရခိုင်ပြည်နယ်တောင်ကုတ်၊ စစ်တွေ နယ်စပ်စခန်းမှတစ်ဆင့် ပြည်ပကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်းထွက် မန် ကျည်းမှည့်များကို စစ်တွေနယ်စပ် စခန်းမှ တစ်ဆင့် အများဆုံးတင်ပို့ ကြောင်း သိရပါတယ်။                                   စောစောရီ