Main menu

Background

မတည်ငွေသစ် စီးဝင်လာမှုက ဘတ်ငွေအပေါ် ရိုက်ခတ်မှုကို ထိုင်းဗဟိုဘဏ် စောင့်ကြည့်နေ

Tue, 11/16/2010 - 04:13 -- Anonymous (not verified)

 မတည်ငွေသစ် စီးဝင်လာမှုက ဘတ်ငွေအပေါ် ရိုက်ခတ်မှုကို ထိုင်းဗဟိုဘဏ် စောင့်ကြည့်နေ     အမေရိကန်စီးပွားရေးကို တွန်းအားပေးနိုင် ဖို့အတွက် အမေရိကန်ဗဟိုဘဏ်က လှည့်လည်ငွေကြေး တိုးပွားလာဖို့အတွက် ဒုတိယအသုတ် အစီအမံအဖြစ်စီးပွားရေးစနစ်အတွင်းဒေါ်လာဘီလီယံ ၆ဝဝ ထပ်တည်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုဆုံးဖြတ် ပြီးတဲ့နောက်ပိုင်းမှာ ထိုင်းစီးပွားရေးထဲကို ငွေ အရင်းအနှီးတွေ အလုံးအရင်းနဲ့ ထပ်ပြီးလှိမ့်ဝင်လာ မဲ့ အခြေအနေနဲ့ ဘတ်ငွေအပေါ်မှာ ရိုက်ခတ်လာ မဲ့ အခြေအနေတွေကို ထိုင်းဗဟိုဘဏ်က စောင့် ကြည့်နေတယ်လို့ ဗဟိုဘဏ်က အဆင့်မြင့် အရာရှိ တစ်ဦးက ပြောပါတယ်။      အမေရိကန်ဗဟိုဘဏ်က လာမဲ့နှစ်လည်က စပြီး အစိုးရဘွန်းစာချုပ်တွေကို ဒေါ်လာဘီလီယံ ၆ဝဝ ဖိုးအထိ ဝယ်ယူမှာဖြစ်ပါတယ်။ဒီလိုဆောင် ရွက်မှုကြောင့် ဘတ်ငွေတန်ဖိုး တက်လာနိုင်စေတဲ့ အတွက်နောက်ထပ် ငွေရင်းစီးဝင်မှု ဘယ်လောက် ထိ ရှိလာမလဲလို့ ဗဟိုဘဏ်က သုံးသပ်မယ်လို့ ဗဟိုဘဏ် ငွေလဲလှယ်မှု ထိန်းချုပ်ရေးနဲ့ ေြွကးမြီ ဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ ဆောင်ရွက်ချက်က ဈေးကွက်က မျှော်လင့်ထားတာထက် ကျော်လွန်မှု မရှိသေးဘူးလို့ သူမကပြောပါတယ်။      အမေရိကန်နိုင်ငံရဲ့လှည့်ပတ်ငွေကြေး တိုးပွား အောင် ဆောင်ရွက်တဲ့ အစီအမံက ထိုင်းနိုင်ငံ အတွင်းသို့ မတည်ရင်းနှီးငွေ စီးဝင်မှုကို အားပေးရာ ရောက်မရောက်နှင့် ဘတ်ငွေကို စောင့်ကြည့်မဲ့ အစီအမံတွေ ထပ်မံဆောင်ရွက်ခြင်း ရှိ၊မရှိ မေး မြန်းတဲ့အခါ ဗဟိုဘဏ်ကဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေမယ်လို့ သူမကပြောပါတယ်။                               Source :mcot.net