Main menu

Background

ဘင်္ဂလားဒေ့ရှ်က အိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ ကုန်သွယ်မှုတိုးမြှင့်မည်

Tue, 11/16/2010 - 04:15 -- Anonymous (not verified)

 ဘင်္ဂလားဒေ့ရှ်က အိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ ကုန်သွယ်မှုတိုးမြှင့်မည်        ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီဟာ ထရိုင်ပူရကို နိုဝင်ဘာလ ၁ဝ ရက်နေ့က ရောက်ရှိပြီး အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ ပြည်နယ်ရှစ်ခုနဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးမြှင့်ဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ထရိုင်ပူရဘဏ္ဍာရေး ဝန်ကြီးဘာဒါချောင်ဒူရီနဲ့ စက်မှုစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီတင်ဒရာ ချောင်ဒူရီတို့က မြို့တော်အာဂါတာလာနဲ့ နှစ်ကီလိုမီတာအကွာရှိ အိန္ဒိယ-ဘင်္ဂလား ဒေ့ရှ် အက်ခေါရာနယ်စပ် စစ်ဆေးရေးစခန်းမှာ မိုနီကို လက်ခံတွေ့ဆုံပါတယ်။        မိုနီနှင့်အတူစီးပွားရေးကိုယ်စားလှယ်နဲ့အဆင့်မြင့်အရာရှိ ၃ဝ ပါရှိပြီး ထရိုင်ပူရပြည်နယ် ဝန်ကြီးချုပ် မာနစ်ဆာကာ အပါအဝင်အခြား အိန္ဒိယ အရာရှိတွေနဲ့ ဆွေး နွေး ညှိနှိုင်းပါတယ်။ အိန္ဒိယစက်မှုလုပ်ငန်းရှင်များ အသင်းConfedera- tion of Indian Industry (C11)  က ကျင်းပတဲ့ စီးပွားရေးလုပ်ငန်း ဆွေးနွေးပွဲ မှာ သူမက မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က တစ်ဆင့် ထရိုင်ပူရနဲ့ တခြားအရှေ့မြောက်ပိုင်းပြည်နယ်တွေကို အိန္ဒိယကုန်စည်များ တစ်ဆင့်ပို့ဆောင်ခွင့် ပြုဖို့အတွက် အရေးပါတဲ့စာချုပ်တစ်ခုကို မတ်လက နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။ ယခုနှစ် နှစ်ဦးပိုင်းက ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နယူးဒေလီသို့ အလည်အပတ်သွားရောက်စဉ် ကာလအတွင်း ချုပ်ဆိုခဲ့တဲ့ စာခုျပ်အရ ထရိုင်ပူရ တောင်ပိုင်းရှိ ဖန်နီမြစ် ကိုဖြတ်ပြီး အိန္ဒိယနိုင်ငံက တံတား ဆောက်လုပ်မှာ ဖြစ်ပါတယ်။ ဒီတံတားကို ဆောက်လုပ်ပြီးရင် ကုန်းပိတ် ဒေသတွေ ဖြစ်တဲ့ အရှေ့မြောက်ပိုင်း ဒေသကို ကုန်ပစ္စည်းတွေ နဲ့ စက်ယန္တရားကြီး များကို တင်ပို့ဖို့ စစ်တကောင်း ဆိပ်ကမ်းကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။                                                                              Source:southasia news. com